မိက္ခာအနာဂတ္တိကျမ်း 7:9
ငါတို့သည်အပြစ်ကူးလွန်ခဲ့သောကြောင့် အခိုက်အတန့်အားဖြင့် ထာဝရဘုရား ၏အမျက်တော်ဒဏ်ကိုခံရကြမည်။ သို့ ရာတွင်နောက်ဆုံး၌ကိုယ်တော်သည် ငါတို့ အမှုကိုလျှောက်လဲ၍တရားမျှတစွာ စီရင်ဆုံးဖြတ်တော်မူလိမ့်မည်။ ကိုယ်တော် သည်ငါတို့အားအလင်းထဲသို့ထုတ်ဆောင် တော်မူလိမ့်မည်။ ငါတို့အားကိုယ်တော် ကယ်တင်တော်မူခြင်းကိုငါတို့ဒိဌ မြင်ရလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 7
Cross References
1 Samuel 3:18ထို့ကြောင့်ရှမွေလသည်အဘယ်အရာကိုမျှ ချန်လှပ်၍မထားဘဲ မိန့်တော်မူသမျှကိုပြန် ကြားလျှောက်ထားလေ၏။ ဧလိက``ကိုယ်တော် သည်ထာဝရဘုရားဖြစ်တော်မူ၏။ အလို တော်ရှိသည်အတိုင်းပြုတော်မူပါစေသော'' ဟုဆို၏။
1 Samuel 25:39ဒါဝိဒ်သည် နာဗလကွယ်လွန်ကြောင်းကြား သိရသောအခါ``ထာဝရဘုရားသည်မင်္ဂ လာရှိတော်မူပါစေသတည်း။ ကိုယ်တော် သည်နာဗလငါ့ကိုစော်ကားသည့်အတွက် လက်စားချေတော်မူ၍ကိုယ်တော်၏အစေခံ ငါ့ကိုလည်းမိုက်မှားမှုမပြုရန်ဆီးတား တော်မူပြီ။ ထာဝရဘုရားသည်နာဗလ ပြုသည့်ဒုစရိုက်အတွက် သူ့ကိုဒဏ်ခတ် တော်မူလေပြီ'' ဟုမြွက်ဆို၏။ ထိုနောက်ဒါဝိဒ်သည်အဘိဂဲလအား မိမိ နှင့်ထိမ်းမြားမင်္ဂလာပြုရန်လူလွှတ်၍စကား ကမ်းလှမ်းလိုက်လေသည်။-
2 Samuel 16:11ထိုနောက်ဒါဝိဒ်သည်အဘိရှဲနှင့်မှူးမတ် အပေါင်းတို့အား``ငါ၏သားရင်းကပင်လျှင် ငါ့ကိုသေကြောင်းကြံလျက်နေသည်ဖြစ်ရာ ဤဗင်္ယာမိန်အနွယ်ဝင်ပြုသည့်အမှုမှာ အံ့သြလောက်ပါသလော။ သူပြုလိုရာ ပြုပါစေ။ ကျိန်ဆဲပါလေစေ။ ထာဝရ ဘုရားစေခိုင်းတော်မူသဖြင့်သူသည် ဤသို့ပြုလုပ်ရခြင်းဖြစ်၏။-
Job 23:10သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။
Job 35:14ဘုရားသခင်ကို မတွေ့မမြင်ရဟု သင်ဆိုသော်လည်း၊ တရားသဖြင့် စီရင်တော်မူသောကြောင့် မြော်လင့် လျက်နေလော့။
Psalms 37:6သင်၏ဖြောင့်မတ်ခြင်းကိုမွန်းတည့်ရောင်ခြည် ကဲ့သို့ ထွန်းလင်းတောက်ပစေတော်မူလိမ့်မည်။