နာဟုံအနာဂတ္တိကျမ်း 1:8
ကိုယ်တော်သည်အရှိန်ပြင်းစွာလွှမ်းမိုးသည့် မြစ်ရေကဲ့သို့ရန်သူတို့အားဆုံးပါး ပျက်စီးစေတော်မူ၏။ မိမိကိုအတိုက်အခံပြုသူတို့အား သေရွာသို့ ပို့ဆောင်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of နာဟုံအနာဂတ္တိကျမ်း 1
Cross References
1 Samuel 2:9``ကိုယ်တော်သည်မိမိအားသစ္စာရှိသူတို့ ၏အသက် စည်းစိမ်ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့မူကားမှောင်မိုက်တွင် ကွယ်ပျောက်ရကြလိမ့်မည်။ လူသည်မိမိကိုယ်ပိုင်စွမ်းရည်အားဖြင့်အောင်မြင် မှုကို မရနိုင်ရာ။
Proverbs 4:19မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက် ကဲ့သို့ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ။
Isaiah 8:22မြေကြီးသို့စိုက်ကြည့်သည့်အခါသော် လည်းကောင်းဆင်းရဲဒုက္ခနှင့်ကံဆိုးမိုးမှောင် မှတစ်ပါး အဘယ်အရာကိုမျှတွေ့ရကြ လိမ့်မည်မဟုတ်။ ထိုသူတို့အပေါ်သို့ထိတ် လန့်ဖွယ်ရာကံဆိုးမိုးမှောင်ကျရောက်လာ လိမ့်မည်။ ဤသို့ဆင်းရဲဒုက္ခရောက်ရာကာလ နှင့်သူတို့ကင်းလွတ်ရန်လမ်းရှိတော့မည် မဟုတ်။
Isaiah 28:18သင်တို့သည်သေမင်းနှင့်ချုပ်ဆိုထားသည့်စာ ချုပ်ကိုပယ်ဖျက်၍ မရဏနိုင်ငံနှင့်ရရှိထား သည့်သဘောတူညီမှုကိုလည်းရုပ်သိမ်းရ ကြလိမ့်မည်။ ရန်သူများချင်းနင်းဝင်ရောက် လာသောအခါ သင်တို့သည်အရေးရှုံးနိမ့် ကြလိမ့်မည်။-
Ezekiel 13:13အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငါသည်အမျက်ထွက်၍ထိုမြို့ရိုး ကိုဖြိုရန်လေပြင်းမုန်တိုင်းကိုတိုက်စေမည်။ ဒေါသထွက်၍မိုးသည်းထန်စွာရွာသွန်း စေ၍မိုးသီးများကိုကျလျက်ပျက်စီး စေမည်။-
Daniel 11:10``ဆီးရီးယားဘုရင်၏သားတော်တို့သည် စစ်တိုက်ရန် ပြင်ဆင်ကြလျက်တပ်ကြီးတစ် တပ်ကိုစုရုံးကြလိမ့်မည်။ သူတို့အနက်မှ မင်းသားတစ်ပါးသည်မြစ်လျှံရေကဲ့သို့ ချီတက်လာကာ ရန်သူ့ခံတပ်တစ်ခုကို တိုက်ခိုက်လိမ့်မည်။-