နာဟုံအနာဂတ္တိကျမ်း 1:9
သင်သည်ထာဝရဘုရားအားဆန့်ကျင်၍ အဘယ်အမှုကိုကြံစည်လျက်နေပါသနည်း။ ကိုယ်တော်သည်သင့်ကိုသုတ်သင်ဖျက်ဆီး တော်မူလိမ့်မည်။ အဘယ်သူမျှကိုယ်တော်အားတစ်ကြိမ်ထက်ပို၍ အတိုက်အခံမပြုနိုင်။
Common Language Bible
In The King James Version
In Context
10သင်သည်ဆူးချုံမြက်ခြောက်သဖွယ် မီးလောင်ကျွမ်းသွားလိမ့်မည်။
Read all of နာဟုံအနာဂတ္တိကျမ်း 1
Cross References
1 Samuel 26:8အဘိရှဲကဒါဝိဒ်အား``ဘုရားသခင်သည် အရှင်၏ရန်သူကိုယနေ့အရှင့်လက်သို့အပ် တော်မူပြီ။ သို့ဖြစ်၍သူ့အားသူ့လှံဖြင့်ပင် တစ်ချက်တည်းမြေတွင်စိုက်နေအောင်ထိုး သတ်ခွင့်ပေးတော်မူပါ။ နှစ်ချက်ထိုးရန် လိုမည်မဟုတ်ပါ'' ဟုလျှောက်၏။
Psalms 2:1တိုင်းနိုင်ငံတို့သည်အဘယ်ကြောင့်ဆူပူပုန်ကန်ရန် ကြံစည်ကြသနည်း။ လူတို့သည်အဘယ်ကြောင့်အချည်းနှီး လျှို့ဝှက်ကြံစည်ကြသနည်း။
Psalms 33:10ထာဝရဘုရားသည်လူမျိုးတကာတို့၏ ရည်မှန်းချက်များကိုပျက်ပြားစေတော်မူ၏။ သူတို့၏အကြံအစည်များကိုလည်း အထမမြောက်စေရန်ဆီးတားတော်မူ၏။
Isaiah 8:9အချင်းနိုင်ငံခြားသားအပေါင်းတို့ကြောက်ရွံ့ လျက်စုဝေးကြလော့။ ရပ်ဝေးဒေသမှလူ အပေါင်းတို့၊ နားထောင်ကြလော့။ စစ်တိုက်ရန် အသင့်ပြင်ဆင်ကြလော့။ သို့ရာတွင်ကြောက် လန့်လျက်နေကြလော့။ သင်တို့သည်ယင်းသို့ အသင့်ပြင်ဆင်ကြသော်လည်းကြောက်လန့် လျက်နေရကြ၏။-
Nahum 1:11အို နိနေဝေမြို့၊ စီမံကိန်းအမျိုးမျိုးဖြင့်ထာဝရ ဘုရားအား မကောင်းကြံစည်သူလူတစ်ယောက် သည်သင့်အထဲကထွက်ပေါ်လာလေပြီ။-
2 Corinthians 10:5ဘုရားသခင်အားသိကျွမ်းမှုပညာကို ပိတ်ပင်ဆီးတားသည့်မာန်မာနမှန်သမျှ ကိုလည်းကောင်း ဖြိုဖျက်ချေမှုန်းကြ၏။ ငါ တို့သည်လူတို့၏အကြံအစည်ရှိသမျှတို့ ကိုဖမ်းချုပ်ပြီးလျှင် ခရစ်တော်အားနာခံ စေကြ၏။-