နာဟုံအနာဂတ္တိကျမ်း 2:5
တပ်မှူးတို့ကိုဆင့်ခေါ်လိုက်သောအခါ သူတို့သည်ခလုတ်တိုက်၍ပြိုလဲမတတ် ရှေ့သို့ချီတက်လာကြ၏။ ထိုးစစ်ဆင်သူတို့သည်မြို့ရိုးရှိရာသို့ အလျင်အမြန် ပြေးလာပြီးလျှင်၊ဒိုင်းလွှားများဖြင့် အကွယ်အကာယူကာခံတပ်ဖြိုသော တင်းပုတ်ကြီးများကိုတပ်ဆင်ကြ၏။
Common Language Bible
In The King James Version
In Context
Read all of နာဟုံအနာဂတ္တိကျမ်း 2
Cross References
Isaiah 21:5ဗျာဒိတ်ရူပါရုံတွင်ညစာစားပွဲကြီးတစ် ခုအသင့်ပြင်ဆင်ထားသည်ကိုငါမြင်ရ၏။ ဧည့်သည်တို့ထိုင်ရန်အတွက်ကော်ဇောများ ကိုခင်းထားလေသည်။ သူတို့သည်စားသောက် လျက်နေကြစဉ်``တပ်မှူးတို့၊ သင်တို့၏ဒိုင်းလွှား များကိုအသင့်ပြင်ကြလော့'' ဟူသောအမိန့် တော်တစ်ရပ်ရုတ်တရက်ထွက်ပေါ်၍လာ၏။
Jeremiah 50:29``ဗာဗုလုန်မြို့ကိုတိုက်ခိုက်ရန်လေးသမား တို့အားပြောကြားကြလော့။ လေးနှင့်မြား ကိုအသုံးပြုတတ်သူမှန်သမျှကိုစေလွှတ် ကြလော့။ မြို့ကိုဝိုင်းရံထားကြလော့။ အဘယ် သူမျှထွက်မပြေးစေနှင့်။ ထိုမြို့သားတို့အား လက်စားချေကြလော့။ သူတို့သည် သူတစ်ပါး တို့အားပြုကျင့်ခဲ့ကြသည့်အတိုင်းသူတို့ အားပြုကျင့်ကြလော့။ အဘယ်ကြောင့်ဆို သော်သူတို့သည်ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ဖြစ်သူငါ့ကိုမာနထောင်လွှားစွာဆန့် ကျင်ခဲ့ကြပြီ။-
Nahum 3:3မြင်းစီးသူရဲတို့သည်တစ်ဟုန်တည်းတိုက်ခိုက်ကြရာ၊ သူတို့၏ဋ္ဌားများလှံများသည်ဝင်းကနဲလက်ကနဲ ဖြစ်၍နေတော့၏။ မရေမတွက်နိုင်အောင်များပြားသည့် လူသေအလောင်းတို့သည်စုပုံ၍နေ၏။ လူတို့သည်လည်းထိုအလောင်းကောင်များကို တိုက်မိ၍လဲကြ၏။
Habakkuk 1:8``သူတို့၏မြင်းများသည်ကျားသစ်ထက်လျင်မြန်၍ အစာဆာလောင်နေသောဝံပုလွေထက်ပင်ကြောက်မက်ဖွယ်ကောင်း၏။ မြင်းစီးသူရဲတို့သည်မြင်းများကို ရပ်ဝေးမှအပြင်းနှင်၍လာကြ၏။ သူတို့၏မြင်းများသည်မြေကိုခွာဖြင့်ရှပ်ကြ၏။ သူတို့သည်အစာကိုချီသုတ်မည့်လင်းယုန်ငှက်ကဲ့သို့တစ်ရှိန်ထိုးမောင်းနှင်လာလေသည်။