နာဟုံအနာဂတ္တိကျမ်း 3:13
သင်၏စစ်သည်တပ်သားတို့သည်အမျိုးသမီး များသဖွယ်ဖြစ်၍ သင်၏ပြည်ရှိတံခါးများ သည်လည်းရန်သူများရှေ့တွင်ခုခံကာကွယ် နိုင်စွမ်းကင်းမဲ့လျက်ပွင့်နေ၏။ သင်၏မြို့ တံခါးကန့်လန့်ကျင်တို့သည်မီးလောင် ကျွမ်း၍သွားလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of နာဟုံအနာဂတ္တိကျမ်း 3
Cross References
Psalms 107:16ကိုယ်တော်သည်ကြေးတံခါးများကိုချိုး၍ သံကန့်လန့်များကိုအပိုင်းပိုင်းဖြတ်တော်မူ၏။
Isaiah 19:16အီဂျစ်အမျိုးသားတို့သည်မိန်းမကဲ့သို့ သဝန်ကြောင်ကြမည့်အချိန်ကာလ ကျရောက် လာလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရား သည်သူတို့အားအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုချိန်ရွယ်လျက်ထားတော်မူ သည်ကိုတွေ့မြင်ကြသောအခါ၊ သူတို့ သည်ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။-
Isaiah 45:2``ငါကိုယ်တိုင်ပင်တောင်ကြီးတောင်ငယ်တို့ ကိုဖြို၍၊ သင်၏အတွက်ခရီးလမ်းကိုပြင်ဆင်မည်။ ငါသည်ကြေးဝါမြို့တံခါးတို့ကိုဖျက်၍ ယင်းတို့မှ သံကန့်လန့်တန်းများကိုအပိုင်းပိုင်းချိုး ပစ်မည်။
Jeremiah 51:30ဗာဗုလုန်စစ်သည်တပ်သားတို့သည်စစ်မတိုက် ကြတော့ဘဲမိမိတို့ခံတပ်များအတွင်း၌သာ လျှင်နေလျက်ရှိကြ၏။ သူတို့သည်စိတ်ပျက် အားလျော့ကာအမျိုးသမီးများသဖွယ်ဖြစ် ကြလေကုန်ပြီ။ မြို့တံခါးတို့သည်ကျိုးပေါက် ကုန်လျက်အိမ်များသည်လည်းမီးလောင်၍နေ၏။-
Nahum 2:6မြစ်အနီးရှိမြို့တံခါးများသည်ရုတ်တရက် ပွင့်ထွက်လာလေပြီ။ နန်းတော်တွင်လည်းကြောက်စိတ်လွှမ်းလျက် နေတော့၏။