The Bible Software
bible.software › နာဟုံအနာဂတ္တိကျမ်း › နာဟုံအနာဂတ္တိကျမ်း 3 › နာဟုံအနာဂတ္တိကျမ်း 3:18

နာဟုံအနာဂတ္တိကျမ်း 3:18

အို အာ​ရှု​ရိ​ဘု​ရင်​သင်​၏​ဘု​ရင်​ခံ​များ​သည် အိပ်​ငိုက်​ကြ​လေ​ပြီ။ သင်​၏​မှူး​မတ်​များ​သည် လည်း​ထာ​ဝ​ရ​အိပ်​ပျော်​လျက်​နေ​ကုန်​၏။ သင် ၏​ပြည်​သူ​တို့​သည်​တောင်​များ​ပေါ်​တွင်​ကွဲ လွင့်​လျက်​ရှိ​ရာ​သူ​တို့​အား​မိ​မိ​တို့​ပြည် သို့​တစ်​ဖန်​ပြန်​လည်​ခေါ်​ဆောင်​ပေး​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပေ။-

Common Language Bible

In The King James Version

Thy shepherds slumber, O king of Assyria: thy nobles shall dwell in the dust: thy people is scattered upon the mountains, and no man gathereth them.

In Context

17သင်​၏​အ​စောင့်​များ​နှင့်​မှူး​မတ်​များ​သည်​ချမ်း ဧ​ချိန်​ညဥ့်​အ​ခါ​နံ​ရံ​များ​တွင်​နား​နေ​ပြီး လျှင် နေ​ထွက်​သည်​နှင့်​ပျံ​ထွက်​သွား​သ​ဖြင့် အ​ဘယ်​အ​ရပ်​သို့​ရောက်​ရှိ​နေ​မှန်း​မ​သိ​ရ သည့်​ကျိုင်း​ကောင်​အုပ်​နှင့်​တူ​ကြ​၏။

19သင်​၏​အ​နာ​များ​အ​တွက်​ဆေး​မ​ရှိ။ သင် ၏​ဒဏ်​ရာ​များ​ကို​လည်း​ပျောက်​ကင်း​အောင် ကု​သ​၍​မ​ရ​နိုင်။ သင်​ဆုံး​ပါး​ပျက်​စီး သည့်​သ​တင်း​ကို​ကြား​သိ​ကြ​သူ​အ​ပေါင်း တို့​သည်​ဝမ်း​မြောက်​ဝမ်း​သာ​လက်​ခုပ်​တီး ကြ​၏။ အ​ဘယ်​သူ​မျှ​သင်​၏​အ​တိုင်း​မ​သိ ရက်​စက်​ကြမ်း​ကြုတ်​မှု​နှင့်​ကင်း​လွတ်​ခဲ့​သည် ဟူ​၍​မ​ရှိ။ ပ​ရော​ဖက်​နာ​ဟုံ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

Read all of နာဟုံအနာဂတ္တိကျမ်း 3

Cross References

1 Kings 22:17ထို​အ​ခါ​မိက္ခာ​က``ဣ​သ​ရေ​လ​ပြည်​သူ​တို့ သည်​သိုး​ထိန်း​မဲ့​သည့်​သိုး​များ​ကဲ့​သို့ တောင် ကုန်း​များ​ပေါ်​တွင်​ကွဲ​လွင့်​လျက်​နေ​သည်​ကို ငါ​မြင်​၏။ ထာ​ဝ​ရ​ဘု​ရား​က`ဤ​သူ​တို့​မှာ ခေါင်း​ဆောင်​မ​ရှိ။ သူ​တို့​အား​မိ​မိ​တို့​ရပ်​ရွာ သို့​ဧ​ချမ်း​စွာ​ပြန်​ခွင့်​ပြု​ကြ​လော့' ဟု​မိန့် တော်​မူ​သည်'' ဟု​ဆင့်​ဆို​လေ​၏။

Isaiah 13:14မု​ဆိုး​တို့​၏​ဘေး​မှ​က​စင့်​က​လျား​ထွက်​ပြေး ကြ​သည့်​ဒ​ရယ်​များ​ကဲ့​သို့၊ ထိန်း​ကျောင်း​သူ​မ​ရှိ သည့်​သိုး​များ​ကဲ့​သို့ ဗာ​ဗု​လုန်​ပြည်​တွင်​နေ​ထိုင် သူ​လူ​မျိုး​ခြား​တို့​သည် မိ​မိ​တို့​၏​နေ​ရင်း ပြည်​သို့​ပြန်​ပြေး​ကြ​လိမ့်​မည်။-

Isaiah 56:9ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​ခြား​တို့​အား သား​ရဲ​တိ​ရစ္ဆာန်​များ​သ​ဖွယ်​လာ​၍ မိ​မိ​၏ လူ​မျိုး​တော်​ကို​သတ်​ဖြတ်​စေ​တော်​မူ​၏။-

Jeremiah 51:39သူ​တို့​သည်​အ​စား​ကြူး​သူ​များ​ပေ​လော။ ငါ သည်​သူ​တို့​အား​စား​ပွဲ​ကြီး​တစ်​ခု​တည်​ခင်း ကျွေး​မွေး​ကာ​မူး​ယစ်​ပျော်​ရွင်​စေ​မည်။ သူ​တို့ သည်​အိပ်​ပျော်​၍​သွား​ပြီး​လျှင်​နောင်​အ​ဘယ် အ​ခါ​၌​မျှ​နိုး​ထ​ကြ​တော့​မည်​မ​ဟုတ်။-

Ezekiel 31:3အာ​ရှု​ရိ​လူ​မျိုး​တို့​ကို​ကြည့်​လော့။ သူ​တို့ သည် လေ​ဗ​နုန်​တော​မှ​အာ​ရစ်​ပင်​နှင့်​တူ​ကြ​၏။ ထို​အ​ပင်​သည်​မိုး​တိမ်​ထိ​အောင်​မြင့်​မား​၍ ဝေ​ဆာ​သော​အ​ကိုင်း​အ​ခက်​များ​ဖြင့် လှ​ပ​တင့်​တယ်​၏။

Ezekiel 32:22``အာ​ရှု​ရိ​သည်​မိ​မိ​စစ်​သူ​ရဲ​တို့​၏​သင်္ချိုင်း များ​ခြံ​ရံ​လျက်​ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့ အား​လုံး​ပင်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သူ​များ ဖြစ်​ကြ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study နာဟုံအနာဂတ္တိကျမ်း 3:18

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← နာဟုံအနာဂတ္တိကျမ်း 3:17နာဟုံအနာဂတ္တိကျမ်း 3နာဟုံအနာဂတ္တိကျမ်း 3:19 →