Nehemiah 1:3
သူတို့ကအသက်မသေဘဲကျန်ရှိကာ မိမိတို့ပြည်သို့ပြန်လည်ရောက်ရှိလာ သူတို့သည် များစွာဒုက္ခဆင်းရဲရောက်လျက်အနီးအနား တွင်နေထိုင်သူလူမျိုးခြားတို့၏အထင် သေးမှုကိုခံနေကြရကြောင်းငါ့အား ပြောကြားကြသည်။ ထို့ပြင်ယေရုရှလင် မြို့ရိုးများသည်ပြိုကျလျက်ပင်ရှိနေ သေးကြောင်းကိုလည်းကောင်း၊ မြို့တံခါး များကိုလည်းမီးလောင်ကျွမ်းချိန်မှစ၍ ယနေ့တိုင်အောင်ပြန်လည်မပြင်ဆင်ရ သေးကြောင်းကိုလည်းကောင်းပြောကြား ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 26:33ငါသည်သင်တို့ကိုစစ်ဘေးစစ်ဒဏ်သင့်စေပြီး လျှင် သင်တို့အားအခြားနိုင်ငံများသို့ပြန့်နှံ့ နေထိုင်စေမည်။ သင်တို့၏ပြည်သည်လူသူ ကင်းမဲ့၍ သင်တို့၏မြို့များသည်လည်းပျက်စီး ယိုယွင်းလိမ့်မည်။-
2 Kings 25:10သူ၏တပ်သားတို့သည်မြို့ရိုးကိုဖြိုချကြ၏။-
Ezra 2:1ပြည်နှင်ဒဏ်သင့်သူများသည်ယေရုရှလင်မြို့သို့လည်းကောင်း၊ ယုဒပြည်ဇာတိမြို့ရွာများသို့လည်းကောင်း ပြန်ရန်ဗာဗုလုန်ပြည်မှထွက်ခွာလာကြ၏။ သူတို့အိမ်ထောင်စုများသည်မိမိတို့အားသုံ့ပန်းများအဖြစ် နေဗုခဒ်နေဇာမင်းဖမ်းဆီးခေါ်ဆောင်လာစဉ်အခါမှအစပြု၍ ဗာဗုလုန်ပြည်တွင်နေထိုင်ခဲ့ကြ၏။-
Nehemiah 2:3``အရှင်မင်းကြီးသည်ထာဝစဉ်သက် တော်ရှည်ပါစေသော။ ကျွန်တော်မျိုး၏ ဘိုးဘေးများအားသင်္ဂြိုဟ်ရာမြို့သည် ပျက်စီးယိုယွင်းလျက်မြို့တံခါးများ သည်လည်းမီးလောင်ကျွမ်းကုန်ပြီဖြစ် သဖြင့် ကျွန်တော်မျိုးသည်အဘယ်သို့ လျှင်မျက်နှာမညှိုးငယ်ဘဲနေနိုင်ပါ မည်နည်း'' ဟုပြန်လည်လျှောက်ထား၏။
Nehemiah 2:17သို့ရာတွင်ယခုငါသည်သူတို့အား``ယေရု ရှလင်မြို့သည်ယိုယွင်းပျက်စီးလျက်မြို့ရိုး များသည်လည်းပြိုကျလျက်နေသဖြင့် ငါ တို့အဘယ်သို့ဒုက္ခရောက်နေသည်ကိုသင် တို့သိကြ၏။ ငါတို့ဆက်လက်၍အရှက်ကွဲ ခြင်းမခံရစေရန်မြို့ရိုးတို့ကိုပြန်လည် ပြုပြင်ကြကုန်အံ့'' ဟုပြောဆိုပြီးလျှင်၊-
Nehemiah 9:36ယခုအခါ၌အကျွန်ုပ်တို့သည် ကိုယ်တော်ပေးတော်မူသော အကျွန်ုပ်တို့စားသုံးရန်အသီးအနှံ ပေါများသောပြည်၌ကျွန်ဖြစ်ရကြပါ၏။