Nehemiah 10:32
ငါတို့သည်နှစ်စဉ်နှစ်တိုင်းတစ်ဦးလျှင်ငွေ တစ်အောင်စ၏ရှစ်ပုံတစ်ပုံကို ဗိမာန်တော် အသုံးစရိတ်အတွက်ပေးလှူပါမည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 23:11သို့ရာတွင်သတ္တမနှစ်၌ထွန်ယက်စိုက်ပျိုးခြင်း မပြုဘဲ မြေကိုအလွတ်ထား၍ထိုမြေပေါ် တွင်ပေါက်သမျှသီးနှံကိုမရိတ်သိမ်းရ။ ဆင်းရဲ သူတို့အားထိုမြေမှထွက်သောသီးနှံကိုစား စေ၍ ကြွင်းကျန်သမျှကိုတောတိရစ္ဆာန်များ အတွက်ဖြစ်စေရမည်။ သင်တို့၏စပျစ်ခြံ၊ သံလွင်ခြံတို့ကိုလည်းထိုနည်းအတိုင်း ပြုလုပ်ရမည်။
1 Chronicles 26:27သူတို့သည်စစ်ပွဲမှတိုက်ရာပါပစ္စည်းအချို့ ကိုယူ၍ ဗိမာန်တော်တွင်အသုံးပြုရန် ဆက်ကပ်ကြလေသည်။-
Nehemiah 9:14ကိုယ်တော်သည်သူတို့အားဥပုသ်တော်နေ့ကို နေ့မြတ်အဖြစ်စောင့်ထိန်းရန်သွန်သင်တော်မူ၍ ပညတ်တော်များကိုကိုယ်တော်၏အစေခံ မောရှေမှတစ်ဆင့်ပေးအပ်တော်မူပါ၏။
Nehemiah 13:18သင်တို့၏ဘိုးဘေးများသည်ဒုစရိုက်ကို ပြုသဖြင့် ဘုရားသခင်သည်ဤမြို့ကို ဖျက်ဆီးစေခြင်းအားဖြင့်သူတို့အားဒဏ် ခတ်တော်မူ၏။ သို့ပါလျက်သင်တို့သည် ဥပုသ်နေ့ကိုညစ်ညမ်းစေသောအားဖြင့် ဣသရေလအမျိုးသားတို့အပေါ်သို့ ဘုရားသခင်၏အမျက်တော်ကို ပိုမို ပြင်းထန်စွာသက်ရောက်စေကြမည်လော'' ဟုပြစ်တင်ပြောဆို၏။
Proverbs 3:9သင်သည်ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီး အနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။
2 Corinthians 8:12သင်တို့ပေးလှူလိုသောစေတနာစိတ်ရှိလျှင် ဘုရားသခင်သည်သင်တို့မတတ်နိုင်မှုကို မထောက်ဘဲတတ်နိုင်မှုကိုထောက်၍သင်တို့ ၏အမှုကိုလက်ခံတော်မူလိမ့်မည်။