Nehemiah 10:33
ငါတို့သည်ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှု အတွက်ရှေ့တော်မုန့်၊ နေ့စဉ်ဘောဇဉ်ပူဇော် သကာ၊ နေ့စဉ်မီးရှို့ပူဇော်ရန်ယဇ်ကောင် များ၊ ဥပုသ်နေ့၊ လဆန်းပွဲနေ့နှင့်အခြားပွဲ နေ့များအတွက်ပူဇော်သကာများ၊ အခြား သန့်ရှင်းမြင့်မြတ်သောပူဇော်သကာများ၊ ဣသရေလအမျိုးသားတို့အတွက်အပြစ် ဖြေရာယဇ်နှင့်ဗိမာန်တော်အတွက် အခြား လိုအပ်ရာတို့ကိုပေးလှူကြပါမည်။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 24:5မုန့်ညက်နှစ်ဆယ့်လေးပေါင်ဖြင့်မုန့်တစ်ဆယ့် နှစ်လုံးဖုတ်လော့။-
2 Chronicles 2:4ကျွန်ုပ်သည်ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားဂုဏ်ပြုဆက်ကပ်ရန်ဗိမာန်တော် ကိုတည်ဆောက်လှူဒါန်းပါမည်။ ထိုဗိမာန် တော်သည်ကျွန်ုပ်နှင့်ပြည်သူတို့ဝတ်ပြုကိုး ကွယ်ရာဌာနတော်ဖြစ်လိမ့်မည်။ ထိုဗိမာန် တော်တွင်မွှေးကြိုင်သောနံ့သာပေါင်းမီးရှို့ ပူဇော်၍ရှေ့တော်မုန့်ကိုအဆက်မပြတ် ဆက်သလျက်နံနက်တိုင်းညတိုင်း၊ ဥပုသ် နေ့၊ လဆန်းပွဲနေ့နှင့်ကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအားဂုဏ်ပြုသော အခြားနေ့ထူးနေ့မြတ်များ၌ မီးရှို့ပူဇော် ရန်သကာများကိုဆက်သမည်ဖြစ်ပါသည်။ ထာဝရဘုရားသည်ဣသရေလပြည်သူ တို့အား ဤသို့ထာဝစဉ်ပြုလုပ်ဆောင်ရွက် ရန်ပညတ်တော်မူပါသည်။-
Hebrews 10:11ယုဒယဇ်ပုရောဟိတ်သည်နေ့စဉ်နေ့တိုင်း မိမိ ၏ဝတ္တရားကိုရပ်၍ ဆောင်ရွက်လျက်အဘယ် အခါ၌မျှ အပြစ်ဖြေနိုင်စွမ်းမရှိသည့်ယဇ် ကိုအဖန်တလဲလဲပူဇော်ရ၏။-