Nehemiah 10:35
ငါတို့သည်နှစ်စဉ်နှစ်တိုင်းမိမိတို့ရိတ်သိမ်း ရရှိသည့်အသီးအနှံဦးများကိုလည်းကောင်း၊ ငါတို့သစ်သီးပင်များတွင်အဦးမှည့်သည့် အသီးများကိုလည်းကောင်းဗိမာန်တော် သို့ယူဆောင်ခဲ့ပါမည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 23:19``နှစ်စဉ်သင်တို့၏လယ်များမှ အစဦးဆုံးရိတ် သိမ်းရသောသီးနှံများကို သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လှူဒါန်း ရမည်။ ``သိုးငယ်သို့မဟုတ်ဆိတ်ငယ်ကို အမိနို့ရည်နှင့်မချက်မပြုတ်ရ။
Leviticus 19:23``သင်တို့သည်ခါနာန်ပြည်သို့ရောက်ရှိသော အခါ သစ်သီးပင်ကိုစိုက်ပျိုး၍အပင်မှ ပထမသုံးနှစ်အတွင်း သီးသောအသီးများ သည်ဘာသာရေးထုံးနည်းအရမသန့်စင် သဖြင့် ထိုအသီးများကိုမစားသုံးရ။-
Numbers 18:12``ဣသရေလအမျိုးသားတို့ကငါ့အားနှစ် စဉ်ဆက်သသောအဦးသီးသောအသီးအနှံ များမှအကောင်းဆုံးသံလွင်ဆီ၊ အကောင်းဆုံး စပျစ်ရည်နှင့်အကောင်းဆုံးစပါးတို့ကို သင့်အားငါပေး၏။-
2 Chronicles 31:3မင်းကြီးသည်ထာဝရဘုရား၏ပညတ်ကျမ်း အရ နေ့စဉ်နံနက်တိုင်း၊ ညနေတိုင်း၊ ဥပုသ်နေ့ လဆန်းပွဲတော်နေ့နှင့်အခြားပွဲတော်များ၌ မီးရှို့ပူဇော်ရန် လိုအပ်သောသိုးနွားများကို မိမိပိုင်သိုးအုပ်နွားအုပ်များမှပေးလှူတော် မူ၏။
Proverbs 3:9သင်သည်ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီး အနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။