Nehemiah 12:25
ဗိမာန်တော်အဝင်တံခါးအနီးရှိပစ္စည်းသိုလှောင်ခန်းများကိုတာဝန်ယူစောင့်ထိန်းရသောဗိမာန်တော်အစောင့်တပ်သားများမှာမဿနိ၊ ဗာကဗုကိ၊ သြဗဒိ၊ မေရှုလံ၊ တာလမုန်နှင့်အက္ကုပ်တို့ဖြစ်ကြ၏။
Common Language Bible
In The King James Version
In Context
Cross References
1 Chronicles 23:32သူတို့သည်ထာဝရဘုရားကိန်းဝပ်တော်မူ ရာတဲတော်နှင့် ဗိမာန်တော်ကိုကြည့်ရှုစောင့် ရှောက်ကြရန်လည်းကောင်း၊ မိမိတို့၏ဆွေမျိုး များဖြစ်သောအာရုန်၏သားမြေးယဇ်ပုရော ဟိတ်တို့အား ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ် မှု၌ကူညီကြရန်လည်းကောင်းတာဝန်ယူရ ကြ၏။
1 Chronicles 26:15သြဗဒေဒုံသည်တောင်တံခါးကိုစောင့်ရန် တာဝန်ကျ၏။ သူ၏သားတို့သည်ကုန် လှောင်ရုံကိုစောင့်ရကြ၏။-
2 Chronicles 8:14ခမည်းတော်ဒါဝိဒ်ချမှတ်ထားခဲ့သည့်စည်း မျဉ်းများအတိုင်းမင်းကြီးသည် ယဇ်ပုရော ဟိတ်တို့နေ့စဉ်လုပ်ဆောင်ရန်တာဝန်များကို လည်းကောင်း၊ ယဇ်ပုရောဟိတ်တို့အမှုတော် ဆောင်ရာတွင်ပါဝင်ကူညီကာ ဋ္ဌမ္မသီချင်း များအေးကူးကြရသူလေဝိအနွယ်ဝင် တို့၏အလုပ်တာဝန်များကိုလည်းကောင်း စီစဉ်ပေးတော်မူ၏။ ဘုရားသခင်၏အစေခံ ဒါဝိဒ်အမိန့်ရှိတော်မူခဲ့သည့်အတိုင်းဗိမာန် တော်အစောင့်တပ်သားများကိုလည်းနေ့စဉ် တာဝန်ဝတ္တရားများထမ်းဆောင်ရန်အဖွဲ့ များဖွဲ့စည်းပေးတော်မူ၏။-
Nehemiah 11:19ဗိမာန်တော်အစောင့်တပ်သားများမှာအောက် ပါအတိုင်းဖြစ်သည်။ အက္ကုပ်၊တာလမုန်နှင့်သူ၏ဆွေမျိုးများဖြစ် ၍စုစုပေါင်းတစ်ရာခုနစ်ဆယ်နှစ်ယောက် ရှိသတည်း။
Isaiah 21:8ကင်းစောင့်က``အရှင်၊ အကျွန်ုပ်သည်ဤမျှော်စင် ပေါ်တွင်ရပ်၍ နေ့ရောညပါကင်းစောင့်လျက် နေပါ၏'' ဟုအော်၍ပြောကြားစဉ်၊