bible.software › Nehemiah › Nehemiah 12 › Nehemiah 12:42
Nehemiah 12:42
သူတို့၏နောက်မှမာသေယ၊ ရှေမာယ၊ ဧလာဇာ၊ သြဇိ ၊ ယောဟနန်၊ မာလခိယ၊ ဧလံနှင့်ဧဇာတို့ကလိုက်ကြ၏။ ယေဇရာဟိခေါင်းဆောင်သောသီချင်းသည်များသည်အသံကုန်ဟစ်၍သီဆိုကြ၏။
Common Language Bible
In The King James Version
And Maaseiah, and Shemaiah, and Eleazar, and Uzzi, and Jehohanan, and Malchijah, and Elam, and Ezer. And the singers sang loud, with Jezrahiah their overseer.
In Context
41ငါ၏လူစုတွင်တံပိုးခရာမှုတ်သူယဇ်ပုရောဟိတ်များဖြစ်ကြသည့်ဧလျာကိမ်၊ မာသေယ၊ မိညာမိန်၊ မိက္ခာယ၊ ဧလိသြနဲ၊ ဇာခရိနှင့်ဟာနနိတို့ပါဝင်ကြ၏။-
43ထိုနေ့၌ယဇ်အမြောက်အမြားကိုပူဇော်ကြ၏။ ဝမ်းမြောက်ရွှင်လန်းခွင့်ကိုဘုရားသခင်ပေးတော်မူသောကြောင့်လူတို့သည်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့နှင့်အတူအမျိုးသမီးများနှင့်ကလေးများသည်လည်းပါဝင်ဆင်နွှဲကြသည်ဖြစ်၍ သူတို့၏ရွှင်လန်းဝမ်းမြောက်သံကိုအဝေးကပင်ကြားနိုင်လေသည်။
Read all of Nehemiah 12
Cross References
Psalms 81:1ငါတို့ဘက်မှကာကွယ်တော်မူသောအရှင် တည်းဟူသောဘုရားသခင်အား ဝမ်းမြောက်စွာသီချင်းဆိုကြလော့။ ယာကုပ်၏ဘုရားအားထောမနာသီချင်းဆို ကြလော့။
Psalms 95:1လာကြ၊ထာဝရဘုရားအားထောမနာပြု ကြကုန်အံ့။ ငါတို့ခိုလှုံရာဘုရားသခင်၏ဂုဏ်တော်ကို ဝမ်းမြောက်စွာသီချင်းဆိုကြကုန်အံ့။
Psalms 100:1အို ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊ သီချင်းဆိုလျက်ထာဝရဘုရား၏ဂုဏ်တော် ကို ချီးမွမ်းကြလော့။
This Verse In Other Editions
Study Nehemiah 12:42