Nehemiah 13:2
ဤသို့ပညတ်ရခြင်းမှာအမ္မုန်နှင့်မောဘ ပြည်သူတို့သည်ဣသရေလအမျိုးသား များအီဂျစ်ပြည်မှထွက်ခွာလာချိန်၌ အစာရေစာကိုမပေးဘဲနေခဲ့ကြသော ကြောင့်ဖြစ်၏။ ထိုပြင်ဗာလမ်ကိုငှား၍ ဣသရေလအမျိုးသားတို့အားကျိန်ဆဲ စေကြ၏။ သို့ရာတွင်ငါတို့ဘုရားသခင် သည်ထိုကျိန်ဆဲသောစကားကိုကောင်းချီး ပေးသောစကားဖြစ်စေတော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 22:3သူနှင့်တကွတိုင်းသူပြည်သားအပေါင်းတို့ သည် ထိတ်လန့်ကြောက်ရွံ့လာကြလေသည်။-
Numbers 23:8ဘုရားသခင်ကျိန်ဆဲတော်မမူသောသူတို့ ကို ငါအဘယ်သို့ကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်ရှုတ်ချတော်မမူသောသူတို့ကို ငါအဘယ်သို့ရှုတ်ချနိုင်မည်နည်း။
Numbers 24:5ဣသရေလအမျိုးသားတို့၏တဲများသည် တင့်တယ်လှပေစွ။
Deuteronomy 23:5သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ကိုချစ်သောကြောင့်ဗာ လမ်၏ကျိန်ဆဲခြင်းကိုလက်ခံတော်မမူ။ သူသည်သင်တို့အားကျိန်ဆဲစေမည့် အစားကောင်းချီးပေးစေတော်မူ၏။-
Psalms 109:28သူတို့သည်ကျွန်တော်မျိုးအား ကျိန်ဆဲကြသော်လည်းကိုယ်တော်ရှင် မူကား ကောင်းချီးပေးတော်မူပါမည်။ ကျွန်တော်မျိုးအားနှိပ်စက်ညှဉ်းဆဲသော သူတို့သည် အရေးရှုံးနိမ့်ကြပါစေသော။ ကိုယ်တော်ရှင်၏ အစေခံကျွန်တော်မျိုးမူကား ဝမ်းမြောက်ရပါစေသော။
Matthew 25:40ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန်သင် တို့အားငါဆိုသည်ကား၊ ဤငါ၏ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူတစ်စုံတစ်ယောက်အား သင်တို့ပြုစုခဲ့သမျှသည်ငါ့အားပြုစုခြင်း ပင်မည်၏' ဟုမိန့်တော်မူလိမ့်မည်။