Nehemiah 2:1
လေးလမျှကုန်လွန်ပြီးနောက်၊ တစ်နေ့သော အခါ၌ဧကရာဇ်မင်းအာတဇေရဇ်သည် ပွဲတော်တည်လျက်နေစဉ် ငါသည်သူ၏ထံ သို့သွား၍စပျစ်ရည်ကိုဆက်လေ၏။ မင်း ကြီးသည်ယခင်အဘယ်အခါ၌မျှငါ ၏မျက်နှာညှိုးငယ်သည်ကိုမတွေ့မမြင် ဘူးသဖြင့်၊-
Common Language Bible
In The King James Version
In Context
Cross References
Genesis 40:21ဘုရင်သည်ဖလားတော်ဆက်ဝန်ကိုယခင် ရာထူးတွင်ပြန်ခန့်ထား၍၊-
Ezra 7:1နှစ်ပေါင်းများစွာကြာသောအခါ ပေရသိ ဧကရာဇ်ဘုရင်အာတဇေရဇ်လက်ထက်၌ ဧဇရနာမည်ရှိသူလူတစ်ယောက်ရှိ၏။ သူ သည်ယဇ်ပုရောဟိတ်မင်းအာရုန်မှဆင်းသက် လာကြောင်း အောက်ပါအတိုင်းသိနိုင်ပေသည်။ ဧဇရ၏အဖသည်စရာယ၊ စရာယ၏ အဖမှာအာဇရိ၊ အာဇရိ၏အဖကား ဟိလခိဖြစ်၏။-
Nehemiah 1:1အောက်ပါအကြောင်းအရာများသည် ဟာ လခိ၏သားနေဟမိလုပ်ဆောင်ခဲ့သည့် အမှုအရာများအကြောင်းပင်ဖြစ်၏။ ပေရသိဧကရာဇ်အာတဇေရဇ် နန်းစံအနှစ် နှစ်ဆယ်မြောက်၊ ခိသလုဟုခေါ်သောလ၌ ငါနေဟမိသည်ရှုရှန်မြို့တော်တွင်ရှိ၏။-
Esther 3:7ဇေရဇ်မင်းနန်းစံဆယ့်နှစ်နှစ်မြောက်၊ နိသန် ခေါ်ပထမလ၌ဟာမန်သည် မိမိ၏အကြံ အစည်ကိုအကောင်အထည်ဖော်ရန် သင့် လျော်မည့်နေ့ရက်ကိုပုရဟုခေါ်သော မဲ စနစ်ဖြင့်ရွေးချယ်စေရာအာဒါခေါ်ဒွါ ဒသမလ၊ ဆယ့်သုံးရက်နေ့ကိုရရှိလေ သည်။