Nehemiah 2:12
သို့ရာတွင်ယေရုရှလင်မြို့အတွက်မည်သို့ ဆောင်ရွက်ရမည်ကို ငါ့အားထာဝရဘုရား နှိုးဆော်တော်မူကြောင်းကိုမူ အဘယ်သူကို မျှငါမပြောဘဲသန်းခေါင်းယံအချိန်၌ ထ၍အဖော်အချို့ကိုခေါ်ပြီးလျှင်မြို့ ထဲမှထွက်လာခဲ့၏။ ငါတို့သည်ငါစီး သည့်မြည်းမှတစ်ပါးအခြားတိရစ္ဆာန် မပါ။-
Common Language Bible
In The King James Version
In Context
11ငါသည်ယေရုရှလင်မြို့သို့ဆက်လက် သွားရောက်ကာ ထိုမြို့တွင်သုံးရက်မျှနေ၏။-
Cross References
Joshua 10:9ယောရှုသည်ဂိလဂါလမြို့မှဂိဗောင်မြို့ သို့တစ်ညလုံးချီတက်လာ၍ အာမောရိတပ် များကိုရုတ်တရက်တိုက်ခိုက်လေသည်။-
Judges 9:32သို့ဖြစ်၍ကိုယ်တော်သည်မိမိ၏လူစုနှင့်ညဥ့် အခါ လာရောက်၍လယ်တောများတွင်ပုန်း အောင်းနေပြီးလျှင်၊-
Psalms 51:18အို ဘုရားသခင်၊ ဇိအုန်တောင်ကိုသနားတော်မူ၍ကူမတော် မူပါ။ ယေရုရှလင်မြို့ရိုးတို့ကိုပြန်လည် တည်ဆောက်တော်မူပါ။
Proverbs 12:23ပညာသတိရှိသောသူသည် မိမိသိသောအရာ ကိုပင် ထိမ်ဝှက်တတ်၏။ မိုက်သောသူမူကား၊ မိမိစိတ် အလိုအလျောက်မိုက်သောသဘောကို ထင်ရှားပြတတ် ၏။
Jeremiah 31:33သူတို့နှင့်ငါပြုမည့်ပဋိညာဉ်သစ်ကားဤ သို့တည်း။ ငါသည်မိမိ၏တရားတော်ကိုသူ တို့၏စိတ်အတွင်းသို့သွတ်သွင်းပေးမည်။ သူ တို့၏နှလုံးသားပေါ်တွင်ရေးမှတ်၍ထား မည်။ ငါသည်သူတို့၏ဘုရားဖြစ်လျက်သူ တို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်။-
Amos 5:13ဤမျှဆိုးယုတ်သောခေတ်ကာလ၌လိမ္မာရေး ခြားရှိသူသည် နှုတ်ပိတ်ရေငုံနေမည်မှာမ ဆန်းတော့ပေ။