Nehemiah 2:14
ထိုနောက်မြို့၏အရှေ့ဘက်မှနေ၍စမ်းရေ တွင်းတံခါးနှင့် ဘုရင့်ရေကန်ရှိရာမြောက် ဘက်သို့သွား၏။ ငါစီးသည့်မြည်းသည် ကျောက်အုတ်ကျိုးများအကြားတွင်လမ်း ရှာ၍မရသဖြင့်၊-
Common Language Bible
In The King James Version
In Context
Cross References
2 Kings 18:17အာရှုရိဧကရာဇ်ဘုရင်သည် ယေရုရှလင်မြို့ ကိုတိုက်ခိုက်ရန် မိမိ၏ထိပ်သီးအရာရှိသုံးဦး အုပ်ချုပ်သည့်တပ်မတော်ကြီးကိုလာခိရှမြို့ မှစေလွှတ်လိုက်လေသည်။ ယေရုရှလင်မြို့သို့ ရောက်သောအခါ သူတို့သည်အထက်ရေကန်မှ စီးဆင်းလာသည့်ရေမြောင်းအနီး အထည်ယက် လုပ်သူတို့၏အလုပ်စခန်းတည်ရာလမ်းတွင် တပ်စခန်းချကြ၏။-
2 Chronicles 32:30ဂိဟုန်စမ်းမှရေစီးကြောင်းကိုပိတ်ဆို့လိုက် ပြီးလျှင်ဥမင်လိုဏ်ခေါင်းတူး၍ ယေရုရှလင် မြို့တံတိုင်းအတွင်းသို့ရေကိုသွယ်သူမှာ ဟေဇကိပင်ဖြစ်၏။ ဟေဇကိသည်ပြုလေ သမျှသောအမှုတို့တွင်အောင်မြင်တော်မူ သည်။-
Nehemiah 3:16အာဇဗုတ်၏သားဗက်ဇုရနယ်တစ်ဝက် ကိုအုပ်ချုပ်ရသူနေဟမိသည် မြို့ရိုးနောက် တစ်ပိုင်းကိုဒါဝိဒ်သင်္ချိုင်း၊ ရေကန်နှင့်စစ် တန်းလျားများတိုင်အောင်ဆောက်လုပ်၏။