Nehemiah 2:19
ထိုသတင်းကိုသမ္ဘာလတ်၊ တောဘိနှင့်အာရပ် အမျိုးသားဂေရှင်တို့ကြားကြသောအခါ ငါတို့အားလှောင်ပြောင်ကြ၏။ သူတို့က``သင် တို့၏အကြံအစည်ကားအဘယ်သို့နည်း။ ဧကရာဇ်ဘုရင်အားသင်တို့ပုန်ကန်ကြ မည်လော'' ဟုဆိုကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Ezra 4:15ထို့ကြောင့်အရှင်၏ဘိုးတော်ဘေးတော်များထားရှိခဲ့သည့် မှတ်တမ်းများကိုအမိန့်ထုတ်ဆင့်၍ရှာဖွေကြည့်ရှုစေတော်မူပါက ဤမြို့သည်ပုန်ကန်လေ့ရှိကြောင်းကိုလည်းကောင်း၊ ရှေးကာလမှအစပြု၍ပြည်နယ်များကိုအုပ်စိုးသောဘုရင်များ၊ ဘုရင်ခံများအားဒုက္ခပေးခဲ့ဖူးကြောင်းကိုလည်းကောင်းတွေ့ရှိရပါလိမ့်မည်။ ဤမြို့သားတို့သည်အစဉ်ပင်အုပ်ချုပ်ရခက်သူများဖြစ်ကြပါ၏။ ဤအကြောင်းကြောင့်ဤမြို့သည်ဖျက်ဆီးခြင်းခံခဲ့ရပါသည်။-
Nehemiah 4:1မြို့ရိုးကိုငါတို့ယုဒအမျိုးသားတို့ ပြန် လည်တည်ဆောက်လျက်ရှိကြကြောင်းကို သမ္ဘာလတ်ကြားသိသောအခါ လွန်စွာ အမျက်ထွက်၍ငါတို့အားပြက်ရယ် ပြုလေ၏။-
Nehemiah 6:6ထိုစာတွင် ``သင်နှင့်ယုဒအမျိုးသားတို့သည်ပုန်ကန် ရန်အကြံနှင့်မြို့ရိုးကိုတည်ဆောက်လျက်နေ ကြောင်းနီးနားဝန်းကျင်ရှိလူမျိုးတို့ပြော ဆိုနေကြသည်ဟူသောသတင်းကိုဂေရှင် ထံမှငါကြားသိရပါသည်။ သင်သည်မင်း လုပ်လိုသဖြင့်၊-
Job 30:1ယခုမူကား၊ ငါ့ထက်အသက်ငယ်သောသူတို့ သည် ငါ့ကို ကဲ့ရဲ့တတ်ကြ၏။ သူတို့အဘများကို ငါသည် ရွံ့ရှာ၍၊ ငါ့သိုးစုကိုစောင့်သော ခွေးတို့တွင်မျှနေရာမပေး။
Psalms 79:4ပတ်လည်ရှိတိုင်းနိုင်ငံတို့သည်ကျွန်တော်မျိုး တို့အား ပြက်ရယ်ပြုကြပါ၏။ ကဲ့ရဲ့ပြောင်လှောင်ကြပါ၏။
Psalms 80:7အနန္တတန်ခိုးရှင်ဘုရားသခင်၊ကျွန်တော်မျိုးတို့အား ပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာတော်ကိုပြတော် မူပါ။ သို့ပြုတော်မူလျှင်ကျွန်တော်မျိုးတို့သည် ကယ်တင်ခြင်း ခံရကြပါမည်။