Nehemiah 4:10
ယုဒပြည်သူတို့က``ငါတို့သည်သယ်ပိုး၍ ပင်ပန်းနွမ်းနယ်ကြလေပြီ။ သယ်ယူရန်အမှိုက်သရိုက်လည်းများစွာ ရှိသေးသဖြင့် အဘယ်သို့လျှင်ယနေ့မြို့ရိုးကိုငါတို့ တည်ဆောက်နိုင်ကြပါမည်နည်း'' ဟူသောသီချင်းကိုသီဆိုကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Numbers 13:31သို့သော်လည်းကာလက်နှင့်အတူလိုက်ပါ သွားသူတို့က``ငါတို့သည်ထိုပြည်ကိုတိုက် ခိုက်အောင်မြင်နိုင်စွမ်းမရှိပါ။ ထိုပြည်သား တို့သည်ငါတို့ထက်အင်အားကြီးပါသည်'' ဟုဆိုကြ၏။-
2 Chronicles 2:18မင်းကြီးသည်ထိုသူတို့အနက်ပစ္စည်းသယ် ယူရန်လူခုနစ်သောင်း၊ တောင်ပေါ်တွင်ကျောက် ဆစ်ရန်လူရှစ်သောင်း၊ အလုပ်ကြီးကြပ် အုပ်ချုပ်ရန်လူသုံးထောင့်ခြောက်ရာကို ခန့်ထားတော်မူ၏။
Ezekiel 29:18ကိုယ်တော်က``အချင်းလူသား၊ ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာသည်တုရုမြို့ကို တိုက်ခိုက်ခဲ့၏။ သူသည်မိမိ၏စစ်သူရဲ တို့အားအလွန်လေးလံသောဝန်တို့ကို ထမ်းစေသည်ဖြစ်၍ သူတို့၏ခေါင်းပြောင် ၍ပခုံးများသည်လည်းပေါက်ပြဲကုန်၏။ ယင်းသို့ဒုက္ခခံသော်လည်းစစ်သူရဲနှင့် ဘုရင်သည်အဘယ်အကျိုးကိုမျှ မခံစားရကြ။-