Nehemiah 4:16
ထိုအချိန်မှအစပြု၍ငါ၏လူစုတစ်ဝက် သည်အလုပ်လုပ်၍ကျန်တစ်ဝက်ကလှံ၊ ဒိုင်း လွှား၊ လေးတို့ကိုကိုင်ဆောင်ကာသံချပ်အင်္ကျီ များကိုဝတ်ဆင်ပြီးလျှင်ကင်းစောင့်ရကြ လေသည်။ ငါတို့၏ခေါင်းဆောင်များသည်မြို့ ရိုးပြန်လည်တည်ဆောက်လျက်နေသူယုဒ အမျိုးသားတို့အားထောက်ခံအားပေး ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Nehemiah 4:23ငါသည်ညဥ့်အခါ၌ငါ၏အဝတ်များကို မချွတ်။ ငါ၏အပေါင်းအဖော်များ၊အစေခံ များနှင့်ကိုယ်ရံများသည်လည်းသူတို့၏ အဝတ်များကိုမချွတ်ရကြ။ ငါတို့အားလုံး ပင်မိမိတို့၏လက်နက်များကိုအနီးတွင် ထားရှိရကြ၏။
Psalms 101:6ငါသည်ထာဝရဘုရားအားသစ္စာစောင့်သူတို့ကို နှစ်သက်ပါမည်။ သူတို့အားငါ၏နန်းတော်တွင်နေခွင့်ပြုပါမည်။ လိမ်လည်ကောက်ကျစ်မှုကင်းရှင်းသူတို့အား ငါ၏အမှုတို့ကိုထမ်းဆောင်စေပါမည်။