Nehemiah 4:2
သူ၏အပေါင်းအဖော်များနှင့်ရှမာရိတပ် သားများရှေ့တွင်သူက``ဤအစွမ်းအစမရှိ သောယုဒအမျိုးသားတို့သည်မည်သို့ပြု ကြသနည်း။ သူတို့သည်ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောက်ရန်ကြံရွယ်ကြသလော။ ယဇ်ပူဇော်ခြင်းအားဖြင့်ဤအမှုကိုနေ့ ချင်းပြီးစီးနိုင်မည်ဟုထင်မှတ်ကြသလော။ ကျွမ်းလောင်ထားသည့်အမှိုက်ပုံမှကျောက်တုံး များကိုထုတ်လုပ်နိုင်ကြမည်လော'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 14:11ထို့ကြောင့်သူတို့နှစ်ဦးသည်ဖိလိတ္တိအမျိုး သားတို့အားကိုယ်ရိပ်ပြကြ၏။ ဖိလိတ္တိ အမျိုးသားတို့က``ကြည့်လော့။ ဟေဗြဲအမျိုး သားအချို့တို့သည် မိမိတို့ပုန်းကွယ်ရာမြေ တွင်းများမှထွက်လာလေပြီ'' ဟုဆိုပြီး လျှင်၊-
Ezra 4:4ထိုအခါထိုပြည်တွင်နေထိုင်လာခဲ့ကြသူများသည် တည်ဆောက်သောယုဒအမျိုးသားတို့ကို စိတ်ပျက်အားလျော့၍အထမမြောက်စေရန် အစိုးရအရာရှိတို့အားတံစိုးလက်ဆောင်ပေးကြ၏။-
Nehemiah 4:10ယုဒပြည်သူတို့က``ငါတို့သည်သယ်ပိုး၍ ပင်ပန်းနွမ်းနယ်ကြလေပြီ။ သယ်ယူရန်အမှိုက်သရိုက်လည်းများစွာ ရှိသေးသဖြင့် အဘယ်သို့လျှင်ယနေ့မြို့ရိုးကိုငါတို့ တည်ဆောက်နိုင်ကြပါမည်နည်း'' ဟူသောသီချင်းကိုသီဆိုကြ၏။
Nehemiah 12:43ထိုနေ့၌ယဇ်အမြောက်အမြားကိုပူဇော်ကြ၏။ ဝမ်းမြောက်ရွှင်လန်းခွင့်ကိုဘုရားသခင်ပေးတော်မူသောကြောင့်လူတို့သည်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့နှင့်အတူအမျိုးသမီးများနှင့်ကလေးများသည်လည်းပါဝင်ဆင်နွှဲကြသည်ဖြစ်၍ သူတို့၏ရွှင်လန်းဝမ်းမြောက်သံကိုအဝေးကပင်ကြားနိုင်လေသည်။
Ezekiel 37:3ကိုယ်တော်က``အချင်းလူသားဤအရိုးတို့ သည်ပြန်၍အသက်ရှင်နိုင်ကြမည်လော'' ဟုငါ့အားမေးတော်မူလျှင်၊ ငါက``အို အရှင်ထာဝရဘုရား၊ ဤမေးခွန်း ကိုကိုယ်တော်ရှင်သာလျှင်ဖြေကြားတော် မူနိုင်ပါ၏'' ဟုလျှောက်ထား၏။