Nehemiah 5:2
အချို့သောသူတို့က``ငါတို့၏အိမ်သားများ သဖြင့်ငါတို့အသက်ရှင်မှုအတွက်ဂျုံစပါး လိုပါသည်'' ဟုဆိုကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 42:2အီဂျစ်ပြည်၌စပါးရှိကြောင်းငါကြားရသည်။ ငါတို့အစာငတ်၍မသေကြစေရန်သင်တို့ ထိုပြည်သို့သွား၍စပါးဝယ်ကြလော့'' ဟု စေခိုင်းလေ၏။-
Genesis 47:19ကျွန်တော်တို့အစာငတ်၍မသေပါရစေနှင့်။ ကျွန်တော်တို့လယ်များလည်းပျက်ပြုန်းခြင်း မဖြစ်ပါစေနှင့်။ ကျွန်တော်တို့အားရိက္ခာပေး သည့်အတွက် ကျွန်တော်တို့နှင့်ကျွန်တော်တို့၏ လယ်မြေများကိုဝယ်တော်မူပါ။ ကျွန်တော်တို့ သည်ဖာရောဘုရင်ထံ၌ကျွန်ခံပါမည်။ လယ်မြေ များကိုလည်းဘုရင်လက်သို့အပ်ပါမည်။ ကျွန် တော်တို့အသက်မသေစေရန်လည်းကောင်း၊ လယ် များတွင်စိုက်ပျိုးနိုင်ရန်လည်းကောင်းစပါး ကိုပေးတော်မူပါ'' ဟုလျှောက်ကြလေ၏။
Psalms 128:2သင်သည်မိမိလက်ဖြင့်လုပ်ဆောင်၍စားဝတ် နေရေး ဖူလုံအောင်ရရှိလိမ့်မည်။ သင်သည်ရွှင်လန်း၍ကောင်းစားလိမ့်မည်။