Nehemiah 5:8
``မိမိတို့ကိုယ်ကိုလူမျိုးခြားများလက် သို့ရောင်းချရကြသူ ယုဒအမျိုးသားညီ အစ်ကိုတို့အားတတ်နိုင်သမျှငါတို့ပြန် လည်ဝယ်ယူပြီးမှ ယခုသင်တို့က မိမိတို့ အမျိုးသားအချင်းချင်းပြန်လည်ရောင်း စားလျက်နေကြပါတကား'' ဟုဆိုသော အခါခေါင်းဆောင်များသည်ဆိတ်ဆိတ် နေကြ၏။ စကားတစ်ခွန်းကိုမျှပြန်၍ မပြောနိုင်ကြ။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 25:47အကယ်၍ဆင်းရဲသောဣသရေလအမျိုး သားတစ်ဦးသည် သင်တို့နှင့်အတူနေထိုင် သည့်လူမျိုးခြားတစ်ဦးသို့မဟုတ်သူ၏ မိသားစုတစ်ဦးထံတွင် မိမိကိုယ်ကိုကျွန် အဖြစ်ရောင်းခဲ့သည်ရှိသော်၊-
Deuteronomy 24:7``ဣသရေလအမျိုးသားချင်းအားအဋ္ဌမ္မ ဖမ်းဆီး၍ ကျွန်စေစားသူသို့မဟုတ်ကျွန်အဖြစ် ရောင်းသူအားသေဒဏ်စီရင်ရမည်။ ဤနည်း အားဖြင့်သင်တို့သည် ဤဒုစရိုက်ကိုဖယ်ရှား နိုင်လိမ့်မည်။
Job 32:15ဤသူတို့သည် မိန်းမောတွေဝေလျက်ပြန်၍ မပြောဘဲ တိတ်ဆိတ်စွာ နေကြ၏။
Matthew 25:15တစ်ယောက်ကိုရွှေငါးပိဿာ၊ အခြားတစ်ယောက်ကို နှစ်ပိဿာ၊ အခြားတစ်ယောက်ကိုရွှေတစ်ပိဿာစသည် ဖြင့်ထိုသူတို့၏အရည်အချင်းအလိုက်ပေးအပ်၏။ ထိုနောက်နိုင်ငံရပ်ခြားသို့ထွက်ခွာသွားလေသည်။-
Romans 3:19ပညတ်တရားတွင်ပါရှိသည့်ပြဋ္ဌာန်းချက်မှန် သမျှသည် ပညတ်တရားစိုးမိုးမှုလက်အောက် တွင်ရှိနေသူများအတွက်ဖြစ်ကြောင်းယခု ငါတို့သိကြ၏။ ဤသို့ဖြစ်ရခြင်းအကြောင်း မှာလူတို့၏ဆင်ခြေဆင်လက်မှန်သမျှကို ရပ်စဲစေရန်နှင့် လူသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံစေရန်ဖြစ်ပေသည်။-
1 Corinthians 8:11သို့ဖြစ်၍အားနည်းသူညီအစ်ကိုအတွက် ခရစ်တော်အသေခံခဲ့ပါသော်လည်းသင် ၏ ``အသိပညာ'' ကြောင့်ထိုသူသည်ပျက်စီး ရတော့၏။-