Nehemiah 6:9
မြို့ရိုးတည်ဆောက်မှုရပ်ဆိုင်းသွားစေရန်သူ တို့အားလုံးသည်ငါတို့အားခြိမ်းခြောက် လျက်နေကြ၏။ သို့ရာတွင်``အို ဘုရားသခင်၊ ယခုအကျွန်ုပ်အားခွန်အားကြီးမားစေ တော်ပါ'' ဟုဆုတောင်း၏။
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 30:6ဒါဝိဒ်၏လူတို့သည်မိမိတို့သားသမီးများ ဆုံးရှုံးရကြသည့်အတွက် စိတ်ညှိုးငယ်လျက် ဒါဝိဒ်အားခဲနှင့်ပေါက်ရန်ခြိမ်းခြောက်နေသဖြင့် ဒါဝိဒ်သည်အတိဒုက္ခရောက်လျက်ရှိ၏။ သို့ရာ တွင်သူသည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားထံတော်မှခွန်အားကိုရရှိပေသည်။-
2 Chronicles 32:18တပ်မှူးတို့သည်မြို့ရိုးပေါ်ရှိယေရုရှလင်မြို့ သားတို့အားခြိမ်းခြောက်ကာစိတ်ပျက်အား လျော့အောင်ပြု၍ မြို့ကိုအလွယ်တကူသိမ်း ပိုက်နိုင်စေရန်ဟေဗြဲဘာသာစကားဖြင့် အော်ဟစ်ပြောဆိုကြလေသည်။-
Ezra 4:4ထိုအခါထိုပြည်တွင်နေထိုင်လာခဲ့ကြသူများသည် တည်ဆောက်သောယုဒအမျိုးသားတို့ကို စိတ်ပျက်အားလျော့၍အထမမြောက်စေရန် အစိုးရအရာရှိတို့အားတံစိုးလက်ဆောင်ပေးကြ၏။-
Nehemiah 6:14``အို ဘုရားသခင်တောဘိနှင့်သမ္ဘာလတ်တို့ ပြုကြသည့်အမှုကိုသတိရတော်မူ၍ သူ တို့အားအပြစ်ဒဏ်ခတ်တော်မူပါ။ အကျွန်ုပ် ကိုခြောက်လှန့်ရန်ကြိုးစားသူ၊ အမျိုးသမီး ပရောဖက်နောဒိနှင့်အခြားပရောဖက်တို့ ကိုသတိရတော်မူပါ။
Psalms 68:35သန့်ရှင်းရာဌာနတော်မှကြွလာတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ရိုသေကြောက်ရွံ့ဖွယ်ဖြစ်ပါသည်တကား။ ကိုယ်တော်သည်မိမိ၏လူစုတော်အားတန်ခိုးနှင့် စွမ်းရည်ကိုပေးတော်မူ၏။ ဘုရားသခင်အားထောမနာပြုကြလော့။
Psalms 138:3ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်သော အခါ ကိုယ်တော်ရှင်သည်ထူးတော်မူ၍ကျွန်တော်မျိုးအား အားသစ်လောင်းတော်မူပါ၏။