Nehemiah 8:12
သို့ဖြစ်၍လူအပေါင်းတို့သည်ကြားခဲ့ရ သောကျမ်းစကားကိုနားလည်သဘော ပေါက်သဖြင့် မိမိတို့အိမ်သို့ပြန်၍ပျော်ရွှင် စွာစားသောက်လျက် အစားအစာကိုသူ တစ်ပါးအားဝေမျှကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Nehemiah 8:7ထိုနောက်လူတို့သည် မိမိတို့နေရာတွင်ထ ၍ရပ်ကြ၏။ ထိုအခါသူတို့အားလေဝိ အနွယ်ဝင်ဖြစ်ကြသောယောရှု၊ ဗာနိ၊ ရှေ ရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်နှင့်ပေလာယတို့ကပညတ်ကျမ်း စာတော်၏အနက်အဋ္ဌိပ္ပါယ်ကိုရှင်းပြကြ၏။
Psalms 19:8ထာဝရဘုရား၏နည်းဥပဒေတို့သည် မှန်ကန်သည်ဖြစ်၍လိုက်နာစောင့်ထိန်းသူ တို့၏ စိတ်ကိုရွှင်လန်းစေတတ်၏။ ကိုယ်တော်၏ပညတ်တော်တို့သည်တရား မျှတသည် ဖြစ်၍စိတ်နှလုံးကိုအသိဉာဏ်ပေးတတ်၏။
Psalms 119:16ကိုယ်တော်ရှင်၏အထုံးအဖွဲ့တော်တို့ကို နှစ်သက်ပါ၏။ အမိန့်တော်တို့ကိုမေ့လော့မည်မဟုတ်ပါ။
Psalms 119:97ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏တရား တော်ကို အလွန်နှစ်သက်မြတ်နိုးပါ၏။ ထိုတရားတော်အကြောင်းကိုကွန်တော်မျိုးသည် တစ်နေ့လုံးအောက်မေ့ဆင်ခြင်လက်နေပါ၏။
Psalms 119:111ပညတ်တော်တို့သည်ကွန်တော်မျိုး၏ ထာဝရပိုင်ဆိုင်ရာဖြစ်၍ကွန်တော်မျိုးအား ရ"င်လန်းဝမ်းမြောက်စေပါ၏။
Psalms 119:130ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကို ရှင်းလင်းဖော်ပြမှုသည်အလင်းကိုပေး၍ ပညာမဲ့သူတို့ကိုပညာရရှိစေပါ၏။