The Bible Software
bible.software › Nehemiah › Nehemiah 8 › Nehemiah 8:16

Nehemiah 8:16

သို့​ဖြစ်​၍​လူ​တို့​သည်​သစ်​ခက်​များ​ကို​ခုတ် ၍ မိ​မိ​တို့​အိမ်​မိုး​ပေါ်၊ အိမ်​ဝင်း၊ ဗိ​မာန်​တော် ဝင်း၊ ရေ​တံ​ခါး​နှင့်​ဧ​ဖ​ရိမ်​တံ​ခါး​အ​နီး ကွက်​လပ်​များ​တွင်​တဲ​များ​ထိုး​ကြ​၏။-

Common Language Bible

In The King James Version

So the people went forth, and brought them, and made themselves booths, every one upon the roof of his house, and in their courts, and in the courts of the house of God, and in the street of the water gate, and in the street of the gate of Ephraim.

In Context

15သို့​ဖြစ်​၍​သူ​တို့​က``ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ ပါ​ရှိ​သည့် ညွှန်​ကြား​ချက်​များ​အ​တိုင်း​တောင် များ​သို့​သွား​၍​သံ​လွင်​ခက်၊ ထင်း​ရှူး​ခက်၊ မု​ရ တု​ခက်၊ စွန်​ပ​လွံ​ခက်​နှင့်​အ​ခြား​သစ်​ခက် များ​ကို​ခုတ်​ယူ​၍​တဲ​ထိုး​ကြ​ရ​မည်'' ဟု ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​အ​ခြား​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို​ညွှန်​ကြား​ချက်​ပေး​ပို့​ကြ လေ​သည်။

17ဖမ်း​ဆီး​သိမ်း​သွား​ရာ​မှ​ပြန်​လာ​သူ​လူ အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​များ​ထိုး​၍ နေ​ထိုင်​ကြ​လေ​သည်။ နုန်​၏​သား​ယော​ရှု လက်​ထက်​မှ​အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင် ပ​ထ​မ​ဆုံး​အ​ကြိမ်​သစ်​ခက်​တဲ​နေ​ပွဲ​ကို ကျင်း​ပ​ခြင်း​ဖြစ်​၍ လူ​တိုင်း​ပင်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​ကုန်​၏။-

Read all of Nehemiah 8

Cross References

Deuteronomy 22:8``သင်​သည်​အိမ်​သစ်​တစ်​ဆောင်​ကို​ဆောက်​သည့် အ​ခါ အ​မိုး​စွန်း​ပတ်​လည်​တွင်​အ​ကာ​အ​ရံ ရှိ​စေ​ရ​မည်။ ထို​သို့​ကာ​ရံ​ထား​လျှင်​တစ်​စုံ တစ်​ယောက်​သော​သူ​သည် အ​မိုး​ပေါ်​မှ​လိမ့် ကျ​သေ​ဆုံး​ခဲ့​သော်​သင်​၏​တာ​ဝန်​မ​ဟုတ်။

2 Kings 14:13ယ​ဟော​ရှ​သည်​အာ​မ​ဇိ​ကို​ဖမ်း​ဆီး​ကာ ယေ​ရု ရှ​လင်​မြို့​သို့​ချီ​တက်​၍​မြို့​ရိုး​ပေ​ခြောက်​ရာ ကို​ဧ​ဖ​ရိမ်​တံ​ခါး​မှ​ထောင့်​တံ​ခါး​တိုင်​အောင် ဖြို​ချ​လိုက်​၏။-

2 Chronicles 33:5ဗိ​မာန်​တော်​တံ​တိုင်း​နှစ်​ထပ်​တွင်​ကြယ်​နက္ခတ် များ​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​များ​ကို​ဆောက် လုပ်​၏။-

Nehemiah 8:1သတ္တ​မ​လ​ရောက်​ချိန်​၌​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​မြို့​ရွာ​များ​တွင်​အ​တည် တ​ကျ​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ ထို​လ​ပ​ထ​မ ရက်​နေ့​၌​သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ရေ တံ​ခါး​အ​တွင်း​ကွက်​လပ်​တွင်​စု​ဝေး​ကြ​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​ပေး​အပ် တော်​မူ​ခဲ့​သော​ပ​ညတ်​တ​ရား​တော်​ကို ကျွမ်း​ကျင်​သူ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​အား ပ​ညတ်​ကျမ်း​ကို​ဆောင်​ခဲ့​ရန်​တောင်း​ပန် ကြ​၏။-

Nehemiah 12:37စမ်း​ရေ​တွင်း​တံ​ခါး​သို့​ရောက်​သော​အ​ခါ​သူ​တို့​သည် ဒါ​ဝိဒ်​မြို့​သို့​သွား​ရာ​လှေ​ကား​ထစ်​များ​ကို​တက်​၍ ဒါ​ဝိဒ်​နန်း​တော်​ကို​ဖြတ်​ကျော်​ကာ​မြို့​အ​ရှေ့​ဘက်၊ ရေ​တံ​ခါး​အ​နီး​ရှိ​မြို့​ရိုး​သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​၏။

Jeremiah 19:13``ယေ​ရု​ရှ​လင်​မြို့​ရှိ​အိမ်​များ​နှင့်​ယု​ဒ​ဘု​ရင် တို့​၏​နန်း​တော်​များ မိ​မိ​တို့​အ​မိုး​ပေါ်​တွင် ကြယ်​နက္ခတ်​များ​အား​နံ့​သာ​ပေါင်း​ဖြင့်​မီး​ရှို့ ပူ​ဇော်​ရာ​အိမ်​များ​နှင့်​အ​ခြား​ဘု​ရား​များ အား စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​သွန်း​လောင်း ကြ​သည့်​အိမ်​မှန်​သ​မျှ​တို့​သည်​တော​ဖက်​မြို့ ကဲ့​သို့ မ​သန့်​စင်​သည့်​အ​ရပ်​များ​ဖြစ်​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Nehemiah 8:16

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Nehemiah 8:15Nehemiah 8Nehemiah 8:17 →