Nehemiah 8:2
ထိုကြောင့်ဧဇရသည်နားလည်နိုင်စွမ်းရှိသူ အမျိုးသား၊ အမျိုးသမီးပရိသတ်စုရုံး လျက်ရှိရာအရပ်သို့ ပညတ်ကျမ်းကိုယူ ဆောင်သွားပြီးလျှင်၊-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 17:18ဘုရင်သည်နန်းတက်သောအခါလေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်များထံတွင် ထားရှိသော ဘုရားသခင်၏ပညတ်တော်များနှင့်ဆုံးမ သွန်သင်ချက်များပါရှိသည့် ကျမ်းစာကို မိတ္တူရေးကူးပြီးလျှင်လက်ဝယ်၌ဆောင် ထားစေရမည်။-
Joshua 8:35ယောရှုသည်အမျိုးသမီးနှင့်ကလေးများ၊ သူတို့နှင့်အတူနေထိုင်သောလူမျိုးခြား များအပါအဝင် ဣသရေလအမျိုးသား အပေါင်းတို့ရှေ့၌မောရှေပေးသောပညတ် ရှိသမျှကိုဖတ်ရွတ်လေသည်။
Nehemiah 8:18သူတို့သည်ပွဲတော်ပထမနေ့မှနောက်ဆုံး နေ့အထိ နေ့စဉ်နေ့တိုင်းဘုရားသခင်၏ ပညတ်ကျမ်းကိုဖတ်ရွတ်ကြ၏။ သူတို့ သည်ထိုပွဲတော်ကိုခုနစ်ရက်တိုင်တိုင် ကျင်းပပြီးလျှင် ရှစ်ရက်မြောက်သောနေ့ ၌ပညတ်ကျမ်းပြဋ္ဌာန်းချက်အရဋ္ဌမ္မ ပွဲကိုခံကြ၏။
Nehemiah 13:1ထိုနေ့၌မောရှေ၏ပညတ်ကျမ်းကိုလူများ ရှေ့မှာဖတ်ရွတ်ကြရာ``အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားတို့အားဘုရားသခင် ၏လူမျိုးတော်ထဲတွင်အဘယ်အခါ၌မျှ ပါဝင်ခွင့်မပြုရ'' ဟူသောကျမ်းပိုဒ်သို့ ရောက်ရှိလာလေသည်။-
Malachi 2:7ဘုရားသခင်အကြောင်းတော်ကိုမှန်ကန် စွာသိရှိနားလည်နိုင်ရန်ဟောပြောသွန် သင်မှုမှာ ယဇ်ပုရောဟိတ်များ၏တာဝန် ဖြစ်ပေသည်။ သူတို့သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ တမန်တော်များဖြစ် သဖြင့် လူတို့သည်ငါ၏အလိုတော်ကို သိရှိနိုင်ရန်သူတို့ထံသို့သွားရကြ၏။