Nehemiah 8:3
တံခါးအနီးကွပ်လပ်တွင်မိုးလင်းခါစမှ မွန်းတည့်ချိန်တိုင်အောင်ဖတ်ပြ၏။ လူအပေါင်း တို့သည်အာရုံစိုက်၍နားထောင်ကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 31:9သို့ဖြစ်၍မောရှေသည်ဘုရားသခင်၏ ပညတ်တရားတော်ကိုရေး၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရသောလေဝိအနွယ်ဝင် ယဇ်ပုရော ဟိတ်များနှင့်ဣသရေလအမျိုးသား ခေါင်းဆောင်များအားပေးအပ်လေသည်။-
Nehemiah 8:18သူတို့သည်ပွဲတော်ပထမနေ့မှနောက်ဆုံး နေ့အထိ နေ့စဉ်နေ့တိုင်းဘုရားသခင်၏ ပညတ်ကျမ်းကိုဖတ်ရွတ်ကြ၏။ သူတို့ သည်ထိုပွဲတော်ကိုခုနစ်ရက်တိုင်တိုင် ကျင်းပပြီးလျှင် ရှစ်ရက်မြောက်သောနေ့ ၌ပညတ်ကျမ်းပြဋ္ဌာန်းချက်အရဋ္ဌမ္မ ပွဲကိုခံကြ၏။
Nehemiah 13:1ထိုနေ့၌မောရှေ၏ပညတ်ကျမ်းကိုလူများ ရှေ့မှာဖတ်ရွတ်ကြရာ``အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားတို့အားဘုရားသခင် ၏လူမျိုးတော်ထဲတွင်အဘယ်အခါ၌မျှ ပါဝင်ခွင့်မပြုရ'' ဟူသောကျမ်းပိုဒ်သို့ ရောက်ရှိလာလေသည်။-
Mark 12:37ဤသို့ဆိုရာတွင်ဒါဝိဒ်မင်းကိုယ်တိုင်ပင် မေရှိယ ကို `အရှင်' ဟုခေါ်သည်ဖြစ်ရာ အသို့လျှင်မေရှိယ သည်ဒါဝိဒ်၏သားမြေးဖြစ်နိုင်ပါမည်နည်း'' ဟု မိန့်တော်မူ၏။ လူပရိသတ်ကြီးသည်ကိုယ်တော်၏ စကားတော်ကို အားရရွှင်လန်းစွာကြားနာကြ၏။
Luke 8:18``သို့ဖြစ်၍သင်တို့မည်သို့မည်ပုံကြားနာသည် ကိုသတိပြုကြလော့။ ရှိသူအားထပ်၍ပေး လိမ့်မည်။ မရှိသူထံမှရှိသည်ဟုထင်ရသော အရာရှိသမျှကိုပင်သိမ်းယူလိမ့်မည်'' ဟု မိန့်တော်မူ၏။
Acts 13:15ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းကိုဖတ်ပြီး သောအခါ တရားဇရပ်အမှုဆောင်လူကြီး များသည်သူတို့အား ``ညီအစ်ကိုတို့၊ လူတို့ အားတိုက်တွန်းအားပေးစကားပြောကြား ရန်ရှိပါလျှင်ပြောကြပါ'' ဟုလူလွှတ်၍ အကြောင်းကြားကြ၏။-