Nehemiah 8:4
ဧဇရသည်ထိုအချိန်အခါအတွက်ဆောက် လုပ်ထားသောသစ်သားစင်မြင့်ပေါ်တွင်ရပ် ၍ ပညတ်ကျမ်းကိုဖတ်လေသည်။ မတ္တိသိ၊ ရှေမ၊ အနာယ၊ ဥရိယ၊ ဟိလခိနှင့်မာသေယတို့ သည်သူ၏လက်ယာဘက်၌လည်းကောင်း၊ ပေဒါ ယ၊ မိရှေလ၊ မာလခိ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိနှင့်မေရှုလံတို့သည်လက်ဝဲဘက်၌ လည်းကောင်းရပ်လျက်နေကြ၏။
Common Language Bible
In The King James Version
In Context
Cross References
2 Chronicles 6:13(ရှောလမုန်သည်အလျားရှစ်ပေ၊ အနံရှစ်ပေ၊ အမြင့်ငါးပေရှိသောကြေးနီပလ္လင်စင်မြင့် ကိုတည်ဆောက်ပြီးတံတိုင်းအလယ်တွင်ထား တော်မူခဲ့၏။ မင်းကြီးသည်ထိုပလ္လင်စင်မြင့်ပေါ် သို့တက်၍လူအပေါင်းမြင်သာသည့်နေရာ တွင်ဒူးထောက်ကာလက်အုပ်ချီလျက်၊-)
Ezra 10:33ဟာရှုံသားချင်းစုမှမတ္တနဲ၊ မတ္တသ၊ ဇာဗဒ်၊ ဧလိဖလက်၊ ယေရမဲ၊ မနာရှေနှင့်ရှိမိ။
Nehemiah 11:7ဗင်္ယာမိန်အနွယ်ဝင်များမှာအောက်ပါ အတိုင်းဖြစ်၏။ ယောဒ၏မြေး၊ မေရှုလံ၏သားသလ္လု။ သူ ၏အခြားဘိုးဘေးများတွင်ပေဒါယ၊ ကောလာယ၊ မာသေယ၊ ဣသေလ၊ ယေရှာယ တို့ပါဝင်သည်။