The Bible Software
bible.software › Nehemiah › Nehemiah 8 › Nehemiah 8:6

Nehemiah 8:6

ဧ​ဇ​ရ​က``ကြီး​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ​သ​တည်း'' ဟု​ဆို​၏။ ပ​ရိတ်​သတ်​တို့​သည်​လက်​အုပ်​ချီ​လျက်``အာ​မင်၊ အာ​မင်'' ဟု​ဝန်​ခံ​ပြီး​လျှင်​ဒူး​ထောက်​ကာ ထာ​ဝ​ရ​ဘု​ရား​အား​ပျပ်​ဝပ်​ရှိ​ခိုး​ကြ လေ​သည်။

Common Language Bible

In The King James Version

And Ezra blessed the LORD, the great God. And all the people answered, Amen, Amen, with lifting up their hands: and they bowed their heads, and worshipped the LORD with their faces to the ground.

In Context

5ဧ​ဇ​ရ​သည်​ထို​သူ​တို့​၏​အ​ထက်​စင်​မြင့်​ပေါ် မှာ​ရပ်​လျက်​နေ​စဉ် လူ​အ​ပေါင်း​တို့​သည်​သူ့ ကို​စိုက်​ကြည့်​ကြ​၏။ ပ​ညတ်​ကျမ်း​ကို​ဖွင့် လိုက်​သော​အ​ခါ​သူ​တို့​သည်​ထ​ကြ​၏။-

7ထို​နောက်​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​တွင်​ထ ၍​ရပ်​ကြ​၏။ ထို​အ​ခါ​သူ​တို့​အား​လေ​ဝိ အ​နွယ်​ဝင်​ဖြစ်​ကြ​သော​ယော​ရှု၊ ဗာ​နိ၊ ရှေ ရ​ဘိ၊ ယာ​မိန်၊ အက္ကုပ်၊ ရှဗ္ဗေ​သဲ၊ ဟော​ဒိ​ယ၊ မာ​သေ​ယ၊ ကေ​လိ​တ၊ အာ​ဇ​ရိ၊ ယော​ဇ​ဗဒ်၊ ဟာ​နန်​နှင့်​ပေ​လာ​ယ​တို့​က​ပ​ညတ်​ကျမ်း စာ​တော်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ရှင်း​ပြ​ကြ​၏။

Read all of Nehemiah 8

Cross References

Genesis 24:26ထို​အ​ခါ​သူ​သည်​ဦး​ညွှတ်​၍​ထာ​ဝ​ရ ဘု​ရား​ကို​ရှိ​ခိုး​လျက်၊-

Exodus 12:27သင်​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ် ပြည်​သား​တို့​အား​သုတ်​သင်​ဖျက်​ဆီး​သော အ​ခါ အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​အိမ်​များ​ကို​ကျော်​၍ ငါ​တို့​အား အ​သက်​ချမ်း​သာ​စေ​ခဲ့​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​အား​ပ​သ​ခါ​ယဇ်​ကို​ပူ​ဇော်​ခြင်း ဖြစ်​သည်' ဟု​ဖြေ​ကြား​ရ​မည်'' ဟု​ညွှန် ကြား​လေ​၏။ ထို​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည် ဦး​ညွှတ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ရှိ​ခိုး ကြ​၏။-

1 Chronicles 29:10ဒါ​ဝိဒ်​သည်​ထို​အ​ရပ်​ရှိ​လူ​စု​တစ်​ရပ်​လုံး​၏​ရှေ့ တွင်​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​တော် မူ​၏။ မင်းကြီး​က``ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး ယာ​ကုပ်​၏​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ် တော်​ရှင်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​မင်္ဂလာ​ရှိ​တော် မူ​ပါ​စေ​သ​တည်း။-

2 Chronicles 6:4ထို​နောက်​မင်း​ကြီး​က``ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​၏​ခ​မည်း​တော် ဒါ​ဝိဒ်​အား​ငါ​သည် ငါ​၏​လူ​မျိုး​တော်​အား​ပေး အပ်​ခဲ့​သည့်​က​တိ​တော်​ကို​တည်​မြဲ​စေ​လေ​ပြီ။-

2 Chronicles 29:10``အ​မျက်​တော်​ပြေ​စေ​ရန်​ယ​ခု​ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​ရန်​အ​ကြံ ရှိ​၏။-

Nehemiah 5:13ထို​နောက်​ငါ​ပတ်​ထား​သည့်​ခါး​စည်း ကို​ချွတ်​၍​ခါ​ပြီး​လျှင်``က​တိ​မ​တည်​သူ​သင် တို့​ရှိ​သ​မျှ​ကို​ဘု​ရား​သ​ခင်​သည်​ဤ​သို့ ခါ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏​အိမ်​များ​နှင့်​သင် တို့​ပိုင်​ပစ္စည်း​ဥစ္စာ​ဟူ​သ​မျှ​ကို​သိမ်း​ယူ​တော် မူ​မည်​ဖြစ်​၍​သင်​တို့​အ​တွက်​အ​ဘယ်​အ​ရာ မျှ​ကျန်​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။ ထို​အ​ရပ်​တွင်​ရှိ​သော​သူ​အ​ပေါင်း​တို့ က``အာ​မင်'' ဟု​ဝန်​ခံ​ပြီး​လျှင်​ထာ​ဝ​ရ ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ ထို နောက်​ခေါင်း​ဆောင်​တို့​သည်​မိ​မိ​တို့​၏ က​တိ​အ​တိုင်း​ဆောင်​ရွက်​ကြ​လေ​သည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Nehemiah 8:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Nehemiah 8:5Nehemiah 8Nehemiah 8:7 →