Nehemiah 9:10
ဖာရောဘုရင်၏မှူးမတ်များနှင့် တိုင်းသူပြည်သားများသည် ကိုယ်တော်၏လူမျိုးတော်ကို ညှဉ်းပန်းနှိပ်စက်ကြသဖြင့် သူတို့အားကိုယ်တော်သည်အံ့သြဖွယ်ရာနိမိတ် လက္ခဏာများကိုပြ၍၊ဒဏ်ခတ်တော်မူသဖြင့် ဂုဏ်သတင်းတော်သည်ယနေ့တိုင်အောင် ကျော်စောလျက်ရှိပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 3:20ငါ၏တန်ခိုးတော်ဖြင့်နိမိတ်လက္ခဏာများ ကိုပြ၍ အီဂျစ်ပြည်သားတို့ကိုဒဏ်ခတ်မည်။ ထိုနောက်မှဘုရင်သည်သင်တို့ကိုသွားခွင့် ပေးလိမ့်မည်။
Exodus 5:7``ဣသရေလအမျိုးသားတို့ကိုအုတ်ဖုတ် ရန်အတွက် ကောက်ရိုးကိုယခင်ကကဲ့သို့ မပေးရ။ သူတို့ကိုယ်တိုင်ရှာယူကြစေ။-
Exodus 14:1ထာဝရဘုရားကမောရှေအား``ဣသရေလ အမျိုးသားတို့သည်ပြန်လှည့်၍ ဗာလဇေဖုန် မြို့အနီးမိဂဒေါလမြို့နှင့်ပင်လယ်နီစပ် ကြားရှိပိဟဟိရုတ်မြို့ရှေ့တွင်စခန်းချ ရန်ပြောလော့။-
Deuteronomy 4:34သင်တို့ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့လက်မှသင်တို့ကို ကယ်တင်၍ မိမိ၏လူမျိုးတော်အဖြစ်ထုတ် ဆောင်ခဲ့သည်။ အခြားသောဘုရားသည် လူတစ်မျိုးအတွက် ထိုကဲ့သို့ပြုခဲ့ဖူးပါ သလော။ ထာဝရဘုရားသည်မဟာတန်ခိုး တော်ကိုပြတော်မူခြင်း၊ ဘေးဒဏ်နှင့်စစ် ဘေးသင့်စေခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ ကြောက် မက်ဖွယ်သောအမှုတို့ကိုပြုတော်မူခြင်း စသည်တို့ကိုသင်တို့ကိုယ်တိုင်မြင်ခဲ့ရပြီ။-
Deuteronomy 11:3နိမိတ်လက္ခဏာများကိုသင်တို့မြင်ခဲ့ရကြ သည်။ ကိုယ်တော်သည်အီဂျစ်ဘုရင်နှင့်သူ၏တိုင်း ပြည်တစ်ခုလုံးကို မည်ကဲ့သို့ဒဏ်ခတ်တော်မူ သည်ကိုသင်တို့မြင်ခဲ့ရ၏။-
Job 40:11သင်၏အမျက်အရှိန်ကို လွှတ်လော့။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချ လော့။