Nehemiah 9:15
``သူတို့ဆာလောင်မွတ်သိပ်ကြသောအခါ မိုးကောင်းကင်မှအစားအစာကိုချပေး တော်မူ၍ ရေငတ်ကြသောအခါကျောက်ဆောင်ထဲမှ ထွက်သောရေကိုပေးတော်မူပါ၏။ ကိုယ်တော်ပေးတော်မူမည်ဟု ကတိထားသောပြည်ကိုသိမ်းပိုက်ရန် သူတို့အား မိန့်တော်မူပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 16:4ထိုအခါထာဝရဘုရားက မောရှေ အား``ငါသည်သင်တို့အားလုံးအတွက်မိုး ကောင်းကင်မှမုန့်ကိုချပေးမည်။ သူတို့သည် နေ့စဉ်ထွက်၍တစ်နေ့စာအတွက်မုန့်ကိုစု သိမ်းရကြမည်။ ဤနည်းအားဖြင့်သူတို့ သည် ငါ၏မိန့်မှာချက်အတိုင်းလိုက်နာ သည်၊ မလိုက်နာသည်ကိုငါသိရမည်။-
Exodus 16:15ဣသရေလအမျိုးသားတို့သည်အချပ် ကလေးများကိုမြင်လျှင် မည်သည့်အရာ ဖြစ်ကြောင်းမသိသဖြင့်``ဤအရာဘာ လဲ'' ဟူ၍အချင်းချင်းမေးမြန်းကြ၏။ မောရှေကသူတို့အား``ဤအရာသည်ကား ထာဝရဘုရားက သင်တို့စားရန်ပေးသော မုန့်ဖြစ်၏။-
Exodus 17:6သိနာတောင်၌ရှိသောကျောက်ဆောင်အနီး တွင်ငါရပ်နေမည်။ သင်သည်ကျောက်ဆောင် ကိုရိုက်လော့။ ထိုကျောက်ဆောင်မှလူတို့ သောက်ရန်ရေစီးထွက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။ မောရှေသည်ဣသရေလအမျိုး သားခေါင်းဆောင်တို့ရှေ့မှောက်တွင် ထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်းကျောက် ဆောင်ကိုရိုက်လေ၏။
Numbers 20:7ထာဝရဘုရားကမောရှေအား၊-
Deuteronomy 8:15ကိုယ်တော်သည်သင်တို့အားမြွေဆိုးနှင့်ကင်းမီး ကောက်ပေါ၍ ကျယ်ဝန်းကြောက်မက်ဖွယ်ကောင်း သောတောကန္တာရကိုဖြတ်သန်းပို့ဆောင်တော် မူခဲ့၏။ ခြောက်သွေ့၍ရေမရှိသောအရပ်တွင် ကိုယ်တော်သည်ကျောက်ဆောင်မှရေကိုထွက်စေ တော်မူ၏။-