The Bible Software
bible.software › Nehemiah › Nehemiah 9 › Nehemiah 9:19

Nehemiah 9:19

သို့​ရာ​တွင်​ကိုယ်​တော်​၏​က​ရု​ဏာ​တော်​သည် ကြီး​မား​တော်​မူ​သည်​ဖြစ်​၍၊ ကိုယ်​တော်​သည်​သူ​တို့​အား​သဲ​ကန္တာ​ရ​တွင် စွန့်​တော်​မ​မူ​ပါ။ နေ့​အ​ချိန်​၌​သူ​တို့​အား​လမ်း​ပြ​ပို့​ဆောင်​သည့် မိုး​တိမ်​တိုက်​ကို​လည်း​ကောင်း၊ ညဥ့်​အ​ချိန်​သူ​တို့​၏​လမ်း​ခ​ရီး​ကို​ထွန်း​လင်း စေ​သည့် မီး​တိမ်​တိုက်​ကို​လည်း​ကောင်း​ရုပ်​သိမ်း​တော် မ​မူ​ပါ။

Common Language Bible

In The King James Version

Yet thou in thy manifold mercies forsookest them not in the wilderness: the pillar of the cloud departed not from them by day, to lead them in the way; neither the pillar of fire by night, to shew them light, and the way wherein they should go.

In Context

18သူ​တို့​သည်​နွား​လား​ဥ​သ​ဘ​ရုပ်​ကို​သွန်း​လုပ် ပြီး​လျှင် ဤ​ဘု​ရား​ကား​ငါ​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​သော​ဘု​ရား​ပင်​တည်း'' ဟု​ဆို ကြ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား​သူ​တို့​သည်​ကိုယ်​တော်​အား လွန်​စွာ​စော်​ကား​ကြ​ပါ​သည်​တကား။

20ကိုယ်​တော်​သည်​ကောင်း​မြတ်​တော်​မူ​သ​ဖြင့် သူ​တို့​ပြု​ကျင့်​သင့်​သော​အ​မှု​အ​ရာ​များ​ကို သွန်​သင်​ပေး​တော်​မူ​ပါ​၏။ သူ​တို့​အား​မန္န​မုန့်​ကို​ကျွေး​၍​သူ​တို့​သောက်​ရန် ရေ​ကို​ပေး​တော်​မူ​ပါ​၏။

Read all of Nehemiah 9

Cross References

Exodus 13:21နေ့​နှင့်​ည​အ​ချိန်​တွင်​သူ​တို့​အား​လမ်း​ပြ​ရန် ထာ​ဝ​ရ​ဘု​ရား​သည်​နေ့​အ​ချိန်​၌​မိုး​တိမ် တိုင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ည​အ​ချိန်​၌ အ​လင်း​ရောင်​ပေး​ရန်​မီး​တိုင်​အ​ဖြစ်​ဖြင့် လည်း​ကောင်း သူ​တို့​၏​ရှေ့​က​ကြွ​တော်​မူ​၏။-

Numbers 9:15ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ကို​ထူ​သော​နေ့​တွင် မိုး​တိမ်​သက်​ဆင်း​လာ​၍​တဲ​တော်​ကို​ဖုံး​လွှမ်း​လေ​သည်။ ည​အ​ချိန်​တွင်​မိုး​တိမ်​သည်​မီး​လျှံ​ကဲ့​သို့​တောက်​ပ​လျက်​ရှိ​၏။-

Numbers 9:21တစ်​ခါ​တစ်​ရံ​မိုး​တိမ်​သည်​ည​နေ​ခင်း​မှ​နံ​နက်​အ​ထိ​သာ​တည်​ရှိ​၏။ သူ​တို့​သည်​မိုး​တိမ်​တက်​လျှင်​ခ​ရီး​ဆက်​ကြ​သည်။-

1 Samuel 12:22ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား မိ​မိ​၏​လူ​မျိုး တော်​အ​ဖြစ်​ဖြင့်​ခန့်​ထား​တော်​မူ​ပြီး​ဖြစ်​၏။ ထို့ ကြောင့်​ကိုယ်​တော်​သည်​နာ​မ​တော်​ကို​ထောက်​၍ သင်​တို့​အား​စွန့်​ပစ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။-

Nehemiah 9:27သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​အား သူ​တို့​ကို​နှိမ်​နင်း​အုပ်​စိုး​ခွင့်​ပေး​တော်​မူ ပါ​၏။ သူ​တို့​သည်​ဒုက္ခ​ရောက်​သ​ဖြင့်​ကူ​မ​တော်​မူ​ပါ​ဟု အ​ထံ​တော်​သို့​အော်​ဟစ်​ကြ​ပါ​၏။ ထို​အ​ခါ​ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ ကြား​တော်​မူ​၍ က​ရု​ဏာ​တော်​ကြီး​မား​သည်​နှင့်​အ​ညီ သူ​တို့​အား​ရန်​သူ​များ​လက်​မှ​ကယ်​ဆယ်​ရန် ခေါင်း​ဆောင်​များ​ကို​စေ​လွှတ်​တော်​မူ​ပါ​၏။

Psalms 106:7ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​သည်​အီ​ဂျစ် ပြည်​၌ ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ အ​မှု​တော်​ကို​နား​မ​လည်​ကြ​ပါ။ သူ​တို့​အား​ကြိမ်​ဖန်​များ​စွာ​ပြ​တော်​မူ​သော မေတ္တာ​တော်​ကို​မေ့​လျော့​ကြ​ပါ​၏။ ထို​နောက်​ပင်​လယ်​နီ​အ​နီး​တွင်​အ​နန္တ တန်​ခိုး​ရှင်​ကို ပုန်​ကန်​ကြ​ပါ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Nehemiah 9:19

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Nehemiah 9:18Nehemiah 9Nehemiah 9:20 →