Nehemiah 9:20
ကိုယ်တော်သည်ကောင်းမြတ်တော်မူသဖြင့် သူတို့ပြုကျင့်သင့်သောအမှုအရာများကို သွန်သင်ပေးတော်မူပါ၏။ သူတို့အားမန္နမုန့်ကိုကျွေး၍သူတို့သောက်ရန် ရေကိုပေးတော်မူပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 16:15ဣသရေလအမျိုးသားတို့သည်အချပ် ကလေးများကိုမြင်လျှင် မည်သည့်အရာ ဖြစ်ကြောင်းမသိသဖြင့်``ဤအရာဘာ လဲ'' ဟူ၍အချင်းချင်းမေးမြန်းကြ၏။ မောရှေကသူတို့အား``ဤအရာသည်ကား ထာဝရဘုရားက သင်တို့စားရန်ပေးသော မုန့်ဖြစ်၏။-
Exodus 17:3သို့ရာတွင်လူတို့သည်အလွန်ရေငတ်သဖြင့် မောရှေအားညည်းညူလျက်``အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏သားသမီးများ၊ တိရစ္ဆာန်များ ကိုရေငတ်စေခြင်းငှာ အဘယ်ကြောင့်အီဂျစ် ပြည်မှထုတ်ဆောင်ခဲ့ပါသနည်း'' ဟုဆို ကြ၏။
Numbers 11:17ငါသည်ကြွလာ၍သင်နှင့်စကားပြောဆိုမည်။ ငါသည်သင့်အားပေးအပ်ထားသောစွမ်းရည် အချို့ကိုယူ၍ သူတို့အားပေးအပ်မည်။ ထို အခါဤသူများအတွက်ထမ်းရသောတာဝန် ကိုသူတို့သည်သင့်အားကူညီထမ်းရွက်နိုင် သဖြင့် ထိုတာဝန်ကိုသင်တစ်ဦးတည်းထမ်း ရန်မလိုတော့ချေ။-
Joshua 5:12ထိုနေ့မှစ၍မန္နမုန့်ကောင်းကင်မှမကျသဖြင့် ဣသရေလအမျိုးသားတို့သည်မန္နမုန့်ကို မစားရတော့ချေ။ ထိုအချိန်မှစ၍သူတို့ သည်ခါနာန်ပြည်ထွက်အသီးအနှံများကို စားရကြသည်။
Psalms 105:41ကိုယ်တော်သည်ကျောက်ဆောင်ကိုခွဲတော်မူသောအခါ ရေသည်ပန်း၍ထွက်လာကာသဲကန္တာရတွင် မြစ်သဖွယ်စီး၍သွား၏။
Isaiah 41:17ငါ၏လူမျိုးတော်သည်ရေကိုလို၍ ရှာသောအခါ၌လည်းကောင်း၊ သူတို့သည်ရေငတ်သဖြင့်လည်ချောင်း ခြောက်သည့်အခါ၌လည်းကောင်း ငါထာဝရဘုရားသည်သူတို့၏ဆုတောင်း ပတ္ထနာကို နားညောင်းတော်မူမည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင် တည်းဟူသောငါသည်သူတို့အားအဘယ် အခါ၌မျှ စွန့်ပစ်လိမ့်မည်မဟုတ်။