Nehemiah 9:23
ကိုယ်တော်သည်သူတို့အား ကောင်းကင်ကြယ်များကဲ့သို့များပြားသည့် သားသမီးများကိုပေးသနားတော်မူပါ၏။ ထိုနောက်သူတို့ဘိုးဘေးများအား ကိုယ်တော်ကတိထားတော်မူသောပြည်တော်ကို သိမ်းပိုက်စေကာထိုပြည်တွင်နေထိုင်စေတော် မူပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 12:7ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
Genesis 15:5အာဗြံကိုအပြင်သို့ခေါ်ဆောင်လျက်``မိုးကောင်း ကင်ကိုမော်ကြည့်၍ကြယ်များကိုရေတွက်လော့။ သင်၏အမျိုးအနွယ်တို့သည်ထိုမျှလောက်များ ပြားကြလိမ့်မည်'' ဟုမိန့်တော်မူသည်။
Genesis 17:8ယခုသင်သူစိမ်းတစ်ရံဆံအဖြစ်နှင့်နေထိုင် ရသော ဤပြည်ကိုသင်နှင့်သင်၏အဆက်အနွယ် တို့အားငါပေးမည်။ ခါနာန်ပြည်တစ်ပြည်လုံး ကို သင်၏အဆက်အနွယ်တို့အားထာဝစဉ် အပိုင်ပေးမည်။ ငါသည်လည်းသူတို့၏ဘုရား ဖြစ်မည်'' ဟုမိန့်တော်မူ၏။
Genesis 26:3ယခုဤပြည်၌နေလော့။ ငါသည်သင်နှင့် အတူရှိ၍ကောင်းချီးပေးမည်။ ဤဒေသအား လုံးကိုသင်နှင့်သင်၏အဆက်အနွယ်တို့အား ငါပေးမည်။ သင်၏အဖအာဗြဟံအားငါ ထားသောကတိအတိုင်းငါပြုမည်။-
Exodus 1:12သို့သော်လည်းအီဂျစ်ပြည်သားတို့က ဣသရေလအမျိုးသားတို့ကိုနှိပ်စက်ညှဉ်းဆဲလေ၊ သူတို့၏လူဦးရေတိုးပွားပျံ့နှံ့လာလေဖြစ်၏။ အီဂျစ်ပြည်သားတို့သည်ဣသရေလအမျိုးသားတို့ကိုကြောက်ရွံ့လာကြ၏။-
Joshua 1:2``ငါ၏အစေခံမောရှေအနိစ္စရောက်ပြီ။ သင် နှင့်ဣသရေလအမျိုးသားအပေါင်းတို့သည် ယော်ဒန်မြစ်ကိုဖြတ်ကူး၍ ငါပေးသနားတော် မူမည့်ပြည်တွင်းသို့ဝင်ရောက်ရန်ယခုအသင့် ပြင်ဆင်လော့။-