The Bible Software
bible.software › Nehemiah › Nehemiah 9 › Nehemiah 9:26

Nehemiah 9:26

``သို့​ရာ​တွင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ပုန်​ကန်​ကာ​ကိုယ်​တော်​၏​စ​ကား​ကို နား​မ​ထောင်​ကြ​ပါ။ သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တ​ရား​တော်​ကို ပစ်​ပယ်​ကြ​ပါ​၏။ မိ​မိ​တို့​အား​သ​တိ​ပေး​သူ၊ မိ​မိ​တို့​အား ကိုယ်​တော်​ထံ​ပြန်​လာ​ရန် ပြော​ကြား​သူ​ပ​ရော​ဖက်​များ​အား သတ်​ဖြတ်​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​အား​အ​ကြိမ်​ကြိမ် စော်​ကား​ကြ​ပါ​၏။

Common Language Bible

In The King James Version

Nevertheless they were disobedient, and rebelled against thee, and cast thy law behind their backs, and slew thy prophets which testified against them to turn them to thee, and they wrought great provocations.

In Context

25ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ခံ​တပ်​မြို့​များ၊ မြေ​သြ​ဇာ​ကောင်း​သည့်​ပြည်၊ ဘဏ္ဍာ​အ​မျိုး​မျိုး​နှင့်​ပြည့်​ဝ​သည့်​အိမ်​များ အ​ဆင်​သင့်​တူး​ထား​ပြီး ရေ​တွင်း​များ​သံ​လွင်​ပင်​များ​သစ်​သီး​ပင်​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​သိမ်း​ယူ​ကြ​ရ​ပါ​၏။ သူ​တို့​သည်​စိတ်​ရှိ​သ​မျှ​စား​သောက်​ကာ ဝ​ဖြိုး​လာ​ကြ​ပါ​၏။ ကိုယ်​တော်​ပေး​တော်​မူ​သော​ကောင်း​မြတ်​သည့် အ​ရာ​တို့​ကို​ခံ​စား​ကြ​ရ​ပါ​၏။

27သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​အား သူ​တို့​ကို​နှိမ်​နင်း​အုပ်​စိုး​ခွင့်​ပေး​တော်​မူ ပါ​၏။ သူ​တို့​သည်​ဒုက္ခ​ရောက်​သ​ဖြင့်​ကူ​မ​တော်​မူ​ပါ​ဟု အ​ထံ​တော်​သို့​အော်​ဟစ်​ကြ​ပါ​၏။ ထို​အ​ခါ​ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ ကြား​တော်​မူ​၍ က​ရု​ဏာ​တော်​ကြီး​မား​သည်​နှင့်​အ​ညီ သူ​တို့​အား​ရန်​သူ​များ​လက်​မှ​ကယ်​ဆယ်​ရန် ခေါင်း​ဆောင်​များ​ကို​စေ​လွှတ်​တော်​မူ​ပါ​၏။

Read all of Nehemiah 9

Cross References

Deuteronomy 32:15``ထာ​ဝရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် ကြွယ်​ဝ​ချမ်း​သာ​သ​ဖြင့် ဘု​ရား​ကို​ပုန်​ကန်​ကြ​၏။ သူ​တို့​သည်​ဝ​ဖြိုး​လာ​ကြ​၏။ အ​စား​အ​စာ​ဝ​စွာ​စား​ရ​ကြ​၏။ သူ​တို့​အား​ဖန်​ဆင်း​သော​ဘု​ရား​သ​ခင်​ကို စွန့်​၍ တန်​ခိုး​ကြီး​သော​ကယ်​တင်​ရှင်​အား​ပစ်​ပယ် ကြ​၏။

Judges 3:6သူ​တို့​သည်​ထို​သူ​တို့​၏​သား​သ​မီး​များ​နှင့် ထိမ်း​မြား​စုံ​ဖက်​ကာ​သူ​တို့​၏​ဘု​ရား​များ ကို​ကိုး​ကွယ်​ကြ​ကုန်​၏။

Judges 10:13သို့​သော်​သင်​တို့​သည်​ငါ့​ကို​စွန့်​ပယ်​၍ အ​ခြား ဘု​ရား​တို့​အား​ဝတ်​ပြု​ရှိ​ခိုး​ကြ​ပြန်​၏။ ထို့ ကြောင့်​ငါ​သည်​သင်​တို့​အား​နောက်​တစ်​ဖန် ကယ်​တော့​မည်​မ​ဟုတ်။-

1 Kings 18:4ထာ​ဝ​ရ​ဘုရား​၏​ပ​ရော​ဖက်​များ​ကို​ယေ​ဇ​ဗေ​လ သတ်​ဖြတ်​နေ​ချိန်​၌ ပ​ရော​ဖက်​တစ်​ရာ​ကို​ငါး ဆယ်​စီ​နှစ်​စု​ခွဲ​၍​ဂူ​များ​တွင်​ဝှက်​ထား​ပြီး​လျှင် အ​စာ​ရေ​စာ​ကျွေး​မွေး​ခဲ့​၏။-)

1 Kings 19:10ဧ​လိ​ယ​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​တစ်​ပါး​တည်း ကို​သာ​လျှင် အ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။ ဣ​သ ရေ​လ​ပြည်​သူ​တို့​မူ​ကား​ကိုယ်​တော်​နှင့်​ပြု​ထား သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​လျက် ကိုယ်​တော် ၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကာ​ကိုယ်​တော်​၏ ပ​ရော​ဖက်​တို့​ကို​သတ်​ကြ​ပါ​၏။ တစ်​ဦး​တည်း သာ​မ​သေ​ဘဲ​ကျန်​ရှိ​သော​အ​ကျွန်ုပ်​၏​အ​သက် အန္တ​ရာယ်​ကို​ပင်​ရှာ​ကြံ​လျက်​နေ​ကြ​ပါ​၏'' ဟု လျှောက်​၏။

2 Kings 21:11``မ​နာ​ရှေ​သည်​ဤ​စက်​ဆုတ်​ဖွယ်​ကောင်း​သော အ​မှု​တို့​ကို​ပြု​လေ​ပြီ။ ခါ​နာန်​အ​မျိုး​သား တို့​ပြု​သော​အ​မှု​များ​ထက်​ပင် လွန်​စွာ​ပို​မို ဆိုး​ရွား​သည့်​အ​မှု​တို့​ကို​ပြု​လေ​ပြီ။ သူ​သည် မိ​မိ​၏​ရုပ်​တု​များ​အား​ဖြင့် ယု​ဒ​ပြည်​သူ တို့​အား​အ​ပြစ်​ကူး​လွန်​စေ​ရန်​ရှေ့​ဆောင် လမ်း​ပြ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Nehemiah 9:26

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Nehemiah 9:25Nehemiah 9Nehemiah 9:27 →