Nehemiah 9:30
ကိုယ်တော်သည်သူတို့အားတစ်နှစ်ပြီးတစ်နှစ် သည်းခံ၍သတိပေးတော်မူပါ၏။ ကိုယ်တော်၏နှိုးဆော်သူပရောဖက်များက ပြောဆိုဆုံးမကြသော်လည်း ကိုယ်တော်၏လူမျိုးတော်သည်နားပင်းလျက် နေကြပါ၏။ သို့ဖြစ်၍ကိုယ်တော်သည်လူမျိုးခြားတို့အား ကိုယ်တော်၏လူမျိုးတော်ကိုနှိမ်နင်းခွင့် ပေးတော်မူပါ၏။
Common Language Bible
In The King James Version
In Context
Cross References
2 Kings 18:11အာရှုရိဧကရာဇ်ဘုရင် သည်ဣသရေလအမျိုးသားတို့အား သုံ့ပန်းများ အဖြစ်ဖမ်းသွားပြီးလျှင်အချို့ကိုဟာလမြို့၌ လည်းကောင်း၊ အချို့ကိုဂေါဇန်ခရိုင်ဟာဗော်မြစ် အနီး၌လည်းကောင်း၊ အချို့ကိုမေဒိပြည်ရှိ မြို့များ၌လည်းကောင်းနေထိုင်စေ၏။
2 Chronicles 24:19ထာဝရဘုရားသည်ပရောဖက်များကို စေလွှတ်၍ ထိုသူတို့အားအထံတော်သို့ ပြန်လာကြရန်သတိပေးစေတော်မူ သော်လည်းသူတို့သည်မလိုက်နာကြ။-
Ezra 9:10``သို့ရာတွင် အို ဘုရားသခင်၊ ထိုသို့ကျေးဇူး တော်ကိုခံစားရပြီးမှ အကျွန်ုပ်တို့သည် အဘယ်သို့လျှောက်ထားနိုင်ကြပါမည်နည်း။ ကိုယ်တော်က`သင်တို့သိမ်းပိုက်လတ္တံ့သောပြည် သည်ညစ်ညမ်းသည်။ ပြည်သူပြည်သားတို့သည် ပြည်တစ်စွန်းမှတစ်စွန်းတိုင်အောင် စက်ဆုတ် ရွံရှာဖွယ်ကောင်းသည့်အကျင့်ဆိုးများဖြင့် ပြည့်နှက်စေလေပြီ။ သင်တို့သည်ထိုပြည် ထွက်အသီးအနှံများကိုဝစွာစားသုံးကာ ထိုပြည်ကိုလည်းမိမိတို့သားမြေးများ လက်သို့ထာဝစဉ်အပ်နှံလိုကြပါက ထို ပြည်သူပြည်သားတို့နှင့်အဘယ်အခါ၌ မျှထိမ်းမြားစုံဖက်မှုမပြုကြနှင့်။ သူတို့ ၏ကြီးပွားတိုးတက်ရေးအတွက်အဘယ် အခါ၌မျှ အကူအညီမပေးကြနှင့်' ဟုကိုယ်တော်၏အစေခံပရောဖက်များ အားဖြင့် ပေးတော်မူသောအမိန့်တော်တို့ကို အကျွန်ုပ်တို့မနာခံကြပါ။-
Nehemiah 9:26``သို့ရာတွင်ကိုယ်တော်၏လူမျိုးတော်သည် ပုန်ကန်ကာကိုယ်တော်၏စကားကို နားမထောင်ကြပါ။ သူတို့သည်ကိုယ်တော်၏ပညတ်တရားတော်ကို ပစ်ပယ်ကြပါ၏။ မိမိတို့အားသတိပေးသူ၊ မိမိတို့အား ကိုယ်တော်ထံပြန်လာရန် ပြောကြားသူပရောဖက်များအား သတ်ဖြတ်ကြပါ၏။ သူတို့သည်ကိုယ်တော်အားအကြိမ်ကြိမ် စော်ကားကြပါ၏။
Psalms 86:15အို ဘုရားရှင်၊ ကိုယ်တော်ရှင်သည်ချစ်ခင်ကြင်နာတတ်သောဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်အစဉ်အမြဲစိတ်ရှည် သည်းခံတော်မူပါ၏။ အစဉ်သနားလျက်သစ္စာရှိတော်မူပါ၏။
Isaiah 42:24အဘယ်သူသည်ဣသရေလအမျိုးသား တို့အား၊ တိုက်ခိုက်လုယက်သူတို့လက်သို့အပ်နှံပါ သနည်း။ ထိုသူကားငါတို့ပြစ်မှားကြသည့်ထာဝရ ဘုရားပင် ဖြစ်ပါသည်တကား။ ငါတို့သည်ကိုယ်တော်အလိုရှိတော်မူသကဲ့သို့ မနေမထိုင်ကြ။ ကိုယ်တော်ပေးတော်မူသည့်သြဝါဒတော်တို့ကိုလည်း မလိုက်လျှောက်ကြ။