The Bible Software
bible.software › Nehemiah › Nehemiah 9 › Nehemiah 9:31

Nehemiah 9:31

သို့​ရာ​တွင်​လည်း​က​ရု​ဏာ​တော် ကြီး​မား​တော်​မူ​သည်​နှင့်​အ​ညီ ကိုယ်​တော်​သည်​သူ​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ။ ဆုံး​ပါး​ပျက်​စီး​စေ​တော်​မ​မူ​ပါ။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​၍ က​ရု​ဏာ​နှင့်​ပြည့်​စုံ​ကြွယ်​ဝ​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​ပါ​သည်​တ​ကား။

Common Language Bible

In The King James Version

Nevertheless for thy great mercies’ sake thou didst not utterly consume them, nor forsake them; for thou art a gracious and merciful God.

In Context

30ကိုယ်​တော်​သည်​သူ​တို့​အား​တစ်​နှစ်​ပြီး​တစ်​နှစ် သည်း​ခံ​၍​သ​တိ​ပေး​တော်​မူ​ပါ​၏။ ကိုယ်​တော်​၏​နှိုး​ဆော်​သူ​ပ​ရော​ဖက်​များ​က ပြော​ဆို​ဆုံး​မ​ကြ​သော်​လည်း ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​နား​ပင်း​လျက် နေ​ကြ​ပါ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​လူ​မျိုး​ခြား​တို့​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​နှိမ်​နင်း​ခွင့် ပေး​တော်​မူ​ပါ​၏။

32``အို ဘု​ရား​သ​ခင်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​လွန်​စွာ​ကြီး​မြတ်​တော်​မူ​ပါ​၏။ အ​လွန်​ကြောက်​လန့်​တုန်​လှုပ်​ဖွယ်​ကောင်း​၍ တန်​ခိုး​ကြီး​မား​တော်​မူ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ကိုယ်​တော်​၏​ပ​ဋိ​ညာဉ်​တော် ဆိုင်​ရာ က​တိ​တော်​များ​ကို​သစ္စာ​ရှိ​စွာ စောင့်​ထိန်း​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​အား​အာ​ရှု​ရိ​ဘု​ရင်​များ ညှဉ်း​ပန်း​နှိပ်​စက်​စဉ်​အ​ခါ​မှ​စ​၍ ယ​နေ့​တိုင်​အောင်​ပင်​အ​ဘယ်​မျှ​ဆင်း​ရဲ ဒုက္ခ​ရောက်​လျက်​နေ​ခဲ့​ရ​ကြ​ပါ​သ​နည်း။ ကျွန်ုပ်​တို့​၏​ဘု​ရင်​များ၊ ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ပ​ရော​ဖက်​များ၊ အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ​နှင့်​ပြည်​သူ အ​ပေါင်း​တို့​သည် ဆင်း​ရဲ​ဒုက္ခ​ရောက်​ခဲ့​ရ​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့​အ​ဘယ်​မျှ​ဆင်း​ရဲ​ဒုက္ခ​ရောက်​ခဲ့ ရ​ကြ​သည်​ကို​သ​တိ​ရ​တော်​မူ​ပါ။

Read all of Nehemiah 9

Cross References

Exodus 34:6ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ရှေ့ တွင်​ဖြတ်​ကြွ​သွား​လျက်``ငါ​ထာ​ဝရ​ဘု​ရား သည်​သ​နား​က​ရု​ဏာ​နှင့်​ပြည့်​စုံ​သော​ဘု​ရား၊ စိတ်​ရှည်​၍​ကျေး​ဇူး​က​ရု​ဏာ​နှင့်​ကြွယ်​ဝ သော​ဘု​ရား၊ သစ္စာ​တည်​သော​ဘု​ရား​ဖြစ်​၏။-

2 Kings 13:23သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား ကြင်​နာ​တော်​မူ​သ​ဖြင့် သူ​တို့​အား​ဆုံး​ပါး ပျက်​စီး​စေ​တော်​မ​မူ။ ကိုယ်​တော်​သည် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​ပြု​တော် မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​ထောက်​၍ သူ တို့​အား​ကူ​မ​တော်​မူ​၏။ မိ​မိ​၏​လူ​မျိုး တော်​အား အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့ တော်​မ​မူ။

Nehemiah 9:17သူ​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​ထောင်​ကြ​ပါ။ ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို မေ့​ပျောက်​လိုက်​ကြ​ပါ​၏။ ကိုယ်​တော်​ပြ​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ များ​ကို သ​တိ​မ​ရ​ကြ​တော့​ပါ။ မာန်​မာ​န​ထောင်​လွှား​ကာ​မိ​မိ​တို့​အား ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင် စေ​ရန် ခေါင်း​ဆောင်​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​သည့်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ချစ်​ခင်​ကြင်​နာ​တော်​မူ​၍​စိတ်​ရှည်​တော်​မူ​ပါ​၏။ က​ရု​ဏာ​တော်​သည်​ကြီး​မား​သည်​ဖြစ်​၍ ကိုယ်​တော်​သည်​သူ​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ။

Psalms 103:8ထာ​ဝ​ရ​ဘု​ရား​သည်​ချစ်​ခင်​ကြင်​နာ​တော်​မူ​၍ စိတ်​ရှည်​သည်း​ခံ​တော်​မူ​လျက် ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​ပြည့်​ဝ​တော်​မူ​၏။

Jeremiah 4:27(ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​သည် တော​က​န္တာ​ရ အ​ဖြစ်​သို့​ရောက်​ရှိ​ရ​လိမ့်​မည်​ဖြစ်​သော်​လည်း အ​ကုန်​အ​စင်​ပျက်​ပြုန်း​သွား​ရ​လိမ့်​မည်​မ ဟုတ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​မိန့်​ကြား​ထား တော်​မူ​၏။)

Jeremiah 5:18ထာ​ဝ​ရ​ဘု​ရား​က``ထို​နေ့​ရက်​ကာ​လ​များ​၌​ပင်​လျှင်​ငါ​၏​လူ​မျိုး​တော်​အား လုံး​ဝ​သုတ်​သင်​ဖျက်​ဆီး​လိမ့်​မည်​မ​ဟုတ်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Nehemiah 9:31

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Nehemiah 9:30Nehemiah 9Nehemiah 9:32 →