The Bible Software
bible.software › Nehemiah › Nehemiah 9 › Nehemiah 9:7

Nehemiah 9:7

အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​သည်​အာ​ဗြံ​ကို​ရွေး​ကောက်​တော် မူ​၍ ဗာ​ဗု​လုန်​ပြည်​ဥ​ရ​မြို့​မှ​ထုတ်​ဆောင်​တော်​မူ​ကာ သူ​၏​နာ​မည်​ကို​အာ​ဗြ​ဟံ​ဟု​ပြောင်း​လဲ ပေး​တော်​မူ​ပါ​၏။

Common Language Bible

In The King James Version

Thou art the LORD the God, who didst choose Abram, and broughtest him forth out of Ur of the Chaldees, and gavest him the name of Abraham;

In Context

6ထို​နောက် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ဤ​ပတ္ထ​နာ​ကို ဆု​တောင်း​ကြ​၏။ ``အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​သာ​လျှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​နှင့်​ကောင်း​ကင် ကြယ်​နက္ခတ်​များ​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ မြေ​ကြီး​နှင့်​ပင်​လယ်​ကို​လည်း​ကောင်း မြေ​ကြီး​ပေါ်​နှင့်​ပင်​လယ်​တွင်​ရှိ​သော​အ​ရာ​များ ကို​လည်း​ကောင်း​ဖန်​ဆင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ​၏။ မိုး​ကောင်း​ကင်​ကြယ်​နက္ခတ်​တို့​သည် ကိုယ်​တော်​အား​ဦး​ညွှတ်​ရှိ​ခိုး​ကြ​ပါ​၏။

8ကိုယ်​တော်​အား​သစ္စာ​ရှိ​သူ​ဖြစ်​ကြောင်း တွေ့​မြင်​တော်​မူ​သ​ဖြင့် ကိုယ်​တော်​သည်​သူ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​ပါ​၏။ သူ​၏​သား​မြေး​များ​နေ​ထိုင်​ရန်​အ​တွက်​သူ့​အား ခါ​နာန်​ပြည်၊​ဟိတ္ထိ​ပြည်၊အာ​မော​ရိ​ပြည်၊ ဖေ​ရ​ဇိ​ပြည်၊ယေ​ဗု​သိ​ပြည်​နှင့်​ဂိ​ရ​ဂါ​ရှိ ပြည်​ကို​ပေး​တော်​မူ​မည်​ဟု​က​တိ​ပြု​တော် မူ​ပါ​၏။ သစ္စာ​တော်​ရှင်​ဖြစ်​သည်​နှင့်​အ​ညီ​ကိုယ်​တော်​သည် က​တိ​တော်​တို့​ကို​တည်​စေ​တော်​မူ​ပါ​၏။

Read all of Nehemiah 9

Cross References

Genesis 11:31တေ​ရ​သည်​သူ​၏​သား​အာ​ဗြံ၊ မြေး​လော​တ တို့​နှင့်​ချွေး​မ​စာ​ရဲ​တို့​ကို​ခေါ်​ဆောင်​၍ ခါ​နာန် ပြည်​သို့​သွား​ရန်​ဗာ​ဗု​လုန်​ပြည်၊ ဥ​ရ​မြို့​မှ ထွက်​ခွာ​ခဲ့​ရာ​ခါ​ရန်​မြို့​သို့​ဆိုက်​ရောက်​လာ​၍ ထို​မြို့​တွင်​အ​ခြေ​ချ​နေ​ထိုင်​၏။-

Genesis 15:7ထို​နောက်​ဘု​ရား​သ​ခင်​က``ငါ​သည်​သင့်​အား ဤ ပြည်​ကို​အ​ပိုင်​စား​ပေး​ရန်​သင့်​ကို​ဗာ​ဗု​လုန် ပြည်၊ ဥ​ရ​မြို့​မှ​ခေါ်​ဆောင်​ခဲ့​သော​ထာ​ဝ​ရ ဘု​ရား​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။

Deuteronomy 10:15သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ ၏​ဘိုး​ဘေး​တို့​ကို​ချစ်​ခင်​မြတ်​နိုး​သ​ဖြင့် လူ မျိုး​များ​စွာ​ရှိ​သည့်​အ​နက်​သင်​တို့​ကို​ရွေး ချယ်​တော်​မူ​ခဲ့​ရာ သင်​တို့​သည်​ယ​နေ့​တိုင် အောင်​ကိုယ်တော်​၏​လူ​မျိုး​တော်​ဖြစ်​ကြ​၏။-

Isaiah 41:9ငါ​သည်​သင်​တို့​အား​ကမ္ဘာ​မြေ​ကြီး​အ​စွန်း​မှ ခေါ်​ယူ​ခဲ့​၏။ မြေ​စွန်း​ရပ်​ဖျား​များ​မှ​ခေါ်​ယူ​ကာ၊သင်​တို့​သည် ကား၊ ငါ​၏​အ​စေ​ခံ​များ​တည်း​ဟု​ဆို​ခဲ့​၏။ ငါ​သည်​သင်​တို့​အား​ပစ်​ပယ်​မည့်​အ​စား ရွေး​ချယ်​တော်​မူ​ခဲ့​၏။

Acts 7:2သ​တေ​ဖန်​က``ညီ​အစ်​ကို​များ​နှင့်​ဖ​ခင်​တို့၊ နား​ထောင်​ကြ​ပါ​လော့။ ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ သည်​ခါ​ရန်​မြို့​သို့​သွား​၍​မ​နေ​ထိုင်​မီ မေ​သော ပေါ​တာ​မိ​ပြည်​တွင်​ရှိ​စဉ် ဘုန်း​အ​သ​ရေ​နှင့် ပြည့်​စုံ​တော်​မူ​သော​ဘု​ရား​သ​ခင်​အား ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ဖူး​မြင်​ရ​လေ​သည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Nehemiah 9:7

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Nehemiah 9:6Nehemiah 9Nehemiah 9:8 →