Nehemiah 9:8
ကိုယ်တော်အားသစ္စာရှိသူဖြစ်ကြောင်း တွေ့မြင်တော်မူသဖြင့် ကိုယ်တော်သည်သူနှင့်ပဋိညာဉ်ပြုတော်မူပါ၏။ သူ၏သားမြေးများနေထိုင်ရန်အတွက်သူ့အား ခါနာန်ပြည်၊ဟိတ္ထိပြည်၊အာမောရိပြည်၊ ဖေရဇိပြည်၊ယေဗုသိပြည်နှင့်ဂိရဂါရှိ ပြည်ကိုပေးတော်မူမည်ဟုကတိပြုတော် မူပါ၏။ သစ္စာတော်ရှင်ဖြစ်သည်နှင့်အညီကိုယ်တော်သည် ကတိတော်တို့ကိုတည်စေတော်မူပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 12:7ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
Genesis 15:18ထိုအချိန်ထိုနေရာ၌ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူ၏။ ထာဝရ ဘုရားက၊-
Genesis 22:12ကောင်းကင်တမန်က``သူငယ်အားမည်သို့မျှမနာ မကျင်စေနှင့်။ သင်သည်တစ်ဦးတည်းသောသားကို ငါ့အားပူဇော်ရန်မငြင်းဆိုခဲ့သဖြင့် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေ၍အမိန့်တော်ကို နာခံသူဖြစ်ကြောင်း ယခုငါသိရပြီ'' ဟုမိန့် တော်မူ၏။
Exodus 3:8အီဂျစ်အမျိုးသားတို့လက်တွင်းမှသူတို့ အားကယ်တင်ပြီးလျှင် ထိုပြည်မှထုတ်ဆောင် လျက်မြေသြဇာထက်သန်၍ကျယ်ပြန့်သော ပြည်သို့ပို့ဆောင်ရန်ငါကြွဆင်းလာပြီ။ ထို ပြည်သည်မြေသြဇာထက်သန်၍အစာရေ စာပေါကြွယ်ဝ၏။ ထိုပြည်တွင်ခါနာန်အမျိုး သား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင်ကြ၏။-
Numbers 13:29အာမလက်အမျိုးသားတို့သည်ထိုပြည်၏ တောင်ပိုင်းတွင်နေထိုင်၍ ဟိတ္တိအမျိုးသား၊ ယေဗုသိအမျိုးသား၊ အာမောရိအမျိုးသား တို့သည်တောင်ကုန်းများပေါ်၌လည်းကောင်း၊ ခါနာန်အမျိုးသားတို့သည်မြေထဲပင် လယ်ကမ်းခြေနှင့်ယော်ဒန်မြစ်ဝှမ်းတစ် လျှောက်၌လည်းနေထိုင်ကြပါသည်'' ဟု ဆိုကြ၏။
Deuteronomy 7:1``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့သိမ်းယူမည့်ပြည်သို့သင်တို့ကို ပို့ဆောင်လျက် ထိုပြည်တွင်နေထိုင်သောသင်တို့ ထက်လူဦးရေများ၍အင်အားကြီးသောဟိတ္တိ လူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါ နာနိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတည်းဟူသောလူမျိုးခုနစ် မျိုးတို့ကိုနှင်ထုတ်တော်မူလိမ့်မည်။-