တောလည်ရာကျမ်း 12:6
``ငါမိန့်တော်မူသမျှကိုနားထောင်လော့။ သင် တို့တွင်ပရောဖက်များရှိသောအခါ ငါသည် သူတို့အားအိပ်မက်အားဖြင့်သော်လည်းကောင်း၊ ရူပါရုံအားဖြင့်သော်လည်းကောင်းဗျာဒိတ် ပေး၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 15:1ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
Genesis 28:12ထိုသို့အိပ်နေစဉ်အိပ်မက်ထဲ၌မြေပြင်မှမိုး ကောင်းကင်သို့တိုင်အောင်ထောင်လျက်ရှိသော လှေကားပေါ်တွင် ကောင်းကင်တမန်များတက် လျက်ဆင်းလျက်ရှိသည်ကိုမြင်ရ၏။-
Genesis 31:10``တိရစ္ဆာန်များမိတ်လိုက်ချိန်၌ငါသည်အိပ်မက် မြင်မက်ရာအိပ်မက်ထဲတွင်မိတ်လိုက်နေသော တိရစ္ဆာန်အထီးတို့သည် အကွက်၊ အပြောက်၊ အကျားများပါရှိသည်ကိုငါမြင်ရ၏။-
Genesis 37:9တစ်ဖန်ယောသပ်သည်အိပ်မက်မက်ပြန်၍အစ် ကိုတို့အား``ကျွန်တော်သည်အိပ်မက်မြင်မက် ပြန်ပြီ။ ထိုအိပ်မက်ထဲတွင်နေ၊ လနှင့်ကြယ် တစ်ဆယ့်တစ်လုံးတို့ကကျွန်တော်အားဦး ညွှတ်ရှိခိုးကြသည်ကိုမြင်ရပါသည်''ဟု ပြောလေ၏။
Exodus 7:1ထာဝရဘုရားကမောရှေအား``အီဂျစ်ဘုရင် ၏ရှေ့တွင်သင်သည်ဘုရားကဲ့သို့လည်းကောင်း၊ သင်၏အစ်ကိုအာရုန်သည်သင့်ကိုယ်စားပြော ဆိုရသောပရောဖက်ကဲ့သို့လည်းကောင်းငါ ဖြစ်စေမည်။-
Deuteronomy 18:18ငါသည်သူတို့၏သားချင်းထဲမှ သင်ကဲ့သို့ သောပရောဖက်တစ်ပါးကိုစေလွှတ်မည်။ သူ့ အားငါပညတ်သမျှတို့ကို သူသည်လူ တို့အားဆင့်ဆိုလိမ့်မည်။-