တောလည်ရာကျမ်း 14:11
ထာဝရဘုရားကမောရှေအား``ဤလူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုပစ်ပယ် ကြမည်နည်း။ ငါသည်သူတို့တွင်အံ့သြဖွယ် အမှုများစွာတို့ကိုပြခဲ့သော်လည်း သူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုမယုံ ကြည်မကိုးစားဘဲနေကြမည်နည်း။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 16:28ထိုအခါထာဝရဘုရားကမောရှေအား``သင် တို့သည် ငါ၏ပညတ်များကိုမည်မျှလောက် ကြာအောင်မလိုက်နာဘဲနေကြမည်နည်း။-
Numbers 14:23သူတို့၏ဘိုးဘေးတို့အားငါပေးမည်ဟုကတိ ထားသောပြည်သို့သူတို့မဝင်ရ။ ငါ့ကိုပစ်ပယ် သူမှန်သမျှထိုပြည်သို့မဝင်ရ။-
Deuteronomy 1:32ယင်းသို့ငါပြောသော်လည်း သင်တို့သည်ည အချိန်၌မီးတိမ်တိုင်အားဖြင့်လည်းကောင်း၊ နေ့ အချိန်၌မိုးတိမ်တိုင်အားဖြင့်လည်းကောင်း သင် တို့ကိုရှေ့ကကြွသွား၍လမ်းပြလျက် သင်တို့ စခန်းချရာနေရာကိုရှာပေးတော်မူခဲ့သော ထာဝရဘုရားအားမယုံကြည်မကိုး စားကြ။''
Deuteronomy 9:22``သင်တို့သည်တဗေရအရပ်၊ မဿာအရပ်၊ ကိဗြုတ်ဟတ္တဝါအရပ်တို့၌ရှိစဉ်ကလည်း ထာဝရဘုရားအားအမျက်တော်ထွက်စေ ခဲ့ကြသည်။-
Psalms 78:32ဤအဖြစ်အပျက်အပေါင်းနှင့်တွေ့ကြုံရသော်လည်း လူတို့သည်အပြစ်ကူးမြဲကူးလျက်နေကြ၏။ ကိုယ်တော်သည်ထူးဆန်းသော နိမိတ်လက္ခဏာများကိုပြတော်မူသော်လည်း သူတို့သည်ကိုယ်တော်ကိုမကိုးစားကြ။
Psalms 95:8ကိုယ်တော်ကမောရိဘအရပ်တွင်ရောက်ရှိ နေသော သင်တို့ဘိုးဘေးများကဲ့သို့သင်တို့သည် ခေါင်းမမာကြနှင့်။ တောကန္တာရရှိမဿာအရပ်တွင်ရောက်ရှိနေသော ဘိုးဘေးများကဲ့သို့ခေါင်းမမာကြနှင့်။