တောလည်ရာကျမ်း 14:17
သို့ဖြစ်၍ အို ထာဝရဘုရား၊ ယခုပင်ကိုယ်တော် ၏တန်ခိုးတော်ကိုပြတော်မူပါ။ ကိုယ်တော်က`ငါ ထာဝရဘုရားသည်သည်းခံသောသဘောရှိ ၏။ မေတ္တာကရုဏာနှင့်ကြွယ်ဝ၍ဒုစရိုက်အပြစ် နှင့်ပုန်ကန်ခြင်းအပြစ်တို့ကိုလွှတ်တော်မူ၏။ သို့ သော်လည်းမိဘတို့၏အပြစ်အတွက်သူတို့ ၏သားမြေးမှစ၍တတိယမျိုးဆက်၊ စတုတ္ထ မျိုးဆက်သို့တိုင်အောင်ပင်ဒဏ်ခတ်တော်မူမည်' ဟုကတိထားတော်မူသည့်အတိုင်းပြုတော် မူပါ။-
Common Language Bible
In The King James Version
And now, I beseech thee, let the power of my Lord be great, according as thou hast spoken, saying,
In Context
Cross References
Micah 3:8ငါမူကား၊ ဣသရေလအမျိုးသားတို့အား မိမိတို့ပုန်ကန်ကူးလွန်သည့်အပြစ်များ ကိုထုတ်ဖော်ကြေညာရန် ထာဝရဘုရား၏ ဝိညာဉ်တော်အရှိန်တန်ခိုး၊ တရားမျှတစွာ စီရင်နိုင်စွမ်း၊ ရဲစွမ်းသတ္တိတို့နှင့်ပြည့်ဝ၏။-
Matthew 9:8ဤအခြင်းအရာကိုတွေ့မြင်ကြသောလူပရိ သတ်တို့သည်ကြောက်ရွံ့ကြလျက်လူတို့အား ဤသို့သောတန်ခိုးကိုပေးတော်မူသောဘုရား သခင်၏ဘုန်းအသရေတော်ကိုချီးကူးကြ၏။