တောလည်ရာကျမ်း 14:22
ဤသူတို့အနက်မည်သူမျှထိုပြည်သို့မဝင် ရ။ သူတို့သည်ငါ၏တောက်ပသောဘုန်းအသ ရေတော်ကိုလည်းကောင်း၊ အီဂျစ်ပြည်နှင့်တော ကန္တာရတွင်ငါပြုခဲ့သောအံ့သြဖွယ်အမှု များကိုလည်းကောင်းတွေ့မြင်ခဲ့ရသော်လည်း သူတို့သည်ငါ့ကိုအကြိမ်ကြိမ်မထီလေးစား ပြု၍ငါ့စကားကိုလည်းနားမထောင်ခဲ့ကြ။-
Common Language Bible
In The King James Version
In Context
21ငါသည်အသက်ရှင်၍ငါ၏ဘုန်းအသရေ တော်သည် တစ်ကမ္ဘာလုံးတွင်ပျံ့နှံ့လျက်ရှိ သည်အတိုင်း၊-
Cross References
Genesis 31:7သို့သော်လည်းသူသည်ငါ့ကိုလှည့်စား၍ငါ ရထိုက်သောအခကိုဆယ်ကြိမ်မျှပြောင်းလဲ ခဲ့လေပြီ။ သို့ရာတွင်ငါ့ကိုနစ်နာဆုံးရှုံးစေ ရန်ဘုရားသခင်သည်သူ့ကိုအခွင့်ပေးတော် မမူ။-
Exodus 14:11သူတို့ကမောရှေအား``အီဂျစ်ပြည်တွင် သင်္ချိုင်း မရှိသောကြောင့် တောကန္တာရထဲ၌သေစေ ရန်အကျွန်ုပ်တို့ကိုခေါ်ဆောင်ခဲ့ပါသလော။ အကျွန်ုပ်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့သောကြောင့် ယခုမည်ကဲ့သို့သောအခြေ အနေမျိုးသို့ဆိုက်ရောက်ကာနေသည်ကို ကြည့်ပါလော့။-
Exodus 32:1မောရှေသည်တောင်အောက်သို့မဆင်းဘဲ တောင် ပေါ်တွင်ကြာမြင့်စွာနေသောအခါ၊ လူတို့ သည်အာရုန်ထံသို့စုရုံးရောက်ရှိလာပြီး လျှင်``အကျွန်ုပ်တို့အားအီဂျစ်ပြည်မှထုတ် ဆောင်ခဲ့သောမောရှေအဘယ်သို့ဖြစ်သည် ကို အကျွန်ုပ်တို့မသိရသဖြင့်အကျွန်ုပ်တို့ ကိုရှေ့ဆောင်မည့်ဘုရားတစ်ဆူကိုသွန်း လုပ်ပေးပါလော့'' ဟုတောင်းဆိုကြ၏။
Numbers 32:12ထိုသို့ဒဏ်စီရင်ခြင်းခံရသူတို့တွင် ကေနတ်အမျိုးသားယေဖုန္နာ၏သား ကာ လက်နှင့်နုန်၏သားယောရှုတို့မပါဝင် ချေ။ သူတို့သည်ထာဝရဘုရား၏သစ္စာ တော်ကိုစောင့်သူများဖြစ်ပေသည်။-
Job 19:3ဆယ်ကြိမ်မြောက်အောင်ငါ့ကို ကဲ့ရဲ့ကြပြီ။ ငါ့ကိုမိန်းမောတွေ ဝေစေခြင်းငှါ အရှက်မရှိဘဲပြုကြပြီ။
Psalms 106:14သူတို့သည်တောကန္တာရ၌အာသာရမ္မက် ဖြစ်ပေါ်လာသည့်အလျောက် ဘုရားသခင်အားသွေးစမ်းကြ၏။