တောလည်ရာကျမ်း 15:24
မသိမှားယွင်းခြင်းဖြစ်ခဲ့သည်ရှိသော် သူတို့သည် နွားထီးတစ်ကောင်ကိုမီးရှို့ရာ ယဇ်အဖြစ်ပူဇော်ရမည်။ ထိုသကာရနံ့ ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ထို ယဇ်ကောင်နှင့်အတူဘောဇဉ်သကာနှင့် စပျစ်ရည်သကာတို့ကိုလည်းတွဲဖက် ဆက်သရမည်။ ထို့အပြင်အပြစ်ဖြေရာ ယဇ်အတွက်ဆိတ်ထီးတစ်ကောင်ကို လည်းပူဇော်ရမည်။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 4:23မိမိ၏အပြစ်ကိုသိလျှင်အပြစ်အနာကင်း သောဆိတ်ထီးတစ်ကောင်ကိုယဇ်ပူဇော်ရန် ယူဆောင်ခဲ့ရမည်။-
Leviticus 23:19ထို့အပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ် ထီးတစ်ကောင်ကိုလည်းကောင်း၊ မိတ်သဟာယ ယဇ်အဖြစ် တစ်နှစ်သားသိုးကလေးနှစ်ကောင် ကိုလည်းကောင်းပူဇော်ရမည်။-
Numbers 15:26လူထုတစ်ရပ်လုံးတွင်ပါဝင်သူတိုင်းသည် အမှတ်မထင်မှားယွင်းမိသည်ဖြစ်ရာ ဣသ ရေလအမျိုးသားများနှင့်သူတို့နှင့်အတူ နေထိုင်သောလူမျိုးခြားများ၏အပြစ် လွတ်လိမ့်မည်။
2 Chronicles 29:21မင်းဆွေမင်းမျိုးများအပြစ်၊ ယုဒပြည်သူ များအပြစ်ပြေစေရန်နှင့် ဗိမာန်တော်သန့် စင်စေရန်သူတို့သည်နွားခုနစ်ကောင်၊ သိုး ခုနစ်ကောင်၊ သိုးငယ်ခုနစ်ကောင်နှင့်ဆိတ် ခုနစ်ကောင်ကိုယူဆောင်သွားကြ၏။ မင်း ကြီးသည်အာရုန်မှဆင်းသက်သောယဇ် ပုရောဟိတ်တို့အား``တိရစ္ဆာန်များကိုယဇ် ပလ္လင်ပေါ်တွင်တင်၍ပူဇော်ကြလော့'' ဟု မိန့်တော်မူ၏။-
Ezra 8:35ထိုနောက်ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူ အပေါင်းတို့သည် ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အားမီးရှို့ဆက်သရန် ပူဇော် သကာများကိုယူလာကြ၏။ ဣသရေလ အမျိုးသားတစ်ရပ်လုံးအတွက် နွားတစ်ဆယ့် နှစ်ကောင်၊ သိုးထီးကိုးဆယ့်ခြောက်ကောင်၊ သိုး သားငယ်ခုနစ်ဆယ့်ခုနစ်ကောင်ကိုပူဇော် ကြ၏။ ဆိတ်တစ်ဆယ့်နှစ်ကောင်ကိုလည်း အပြစ် ဖြေရာယဇ်အဖြစ်ပူဇော်ကြ၏။ ဤတိရစ္ဆာန် အားလုံးကိုထာဝရဘုရားအား မီးရှို့ရာ သကာအဖြစ်ပူဇော်ကြလေသည်။-