တောလည်ရာကျမ်း 18:30
လယ်သမား၊ ခြံသမားသည်ထာဝရဘုရား အတွက် လှူစရာသီးနှံများကိုဆက်သပြီး နောက် ကျန်ရှိသမျှကိုမိမိစားသုံးနိုင်သကဲ့ သို့ သင်တို့သည်အကောင်းဆုံးကိုဆက်သပြီး လျှင် ကျန်ရှိသမျှကိုစားသုံးနိုင်သည်။-
Common Language Bible
In The King James Version
In Context
29သင်တို့ရရှိသောအလှူထဲမှအကောင်းဆုံး ကို ထာဝရဘုရားအားဆက်သရမည်။-
Cross References
Numbers 18:27ထိုအထူးအလှူကိုလယ်သမား၊ ခြံသမား ဆက်သသောကောက်သစ်၊ စပျစ်ရည်သစ် အလှူကဲ့သို့ငါမှတ်ယူမည်။-
Proverbs 3:9သင်သည်ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီး အနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။
Matthew 6:33ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
Philippians 3:8ထိုမျှမကငါ၏အရှင်ခရစ်တော်ယေရှုကိုသိကျွမ်း ရခြင်းသည်ထိုအရာများနှင့်အရာခပ်သိမ်းတို့ထက် တန်ခိုးရှိသည်ဖြစ်၍ ယင်းတို့ကိုငါ့အားရှုံးစေသည့် အရာများဟူ၍မှတ်ယူ၏။ ငါသည်ကိုယ်တော်အတွက် ခပ်သိမ်းသောအရာတို့ကိုစွန့်ပယ်ခဲ့၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန်လည်းကောင်း၊ ကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်နိုင်ရန်လည်းကောင်းထိုအရာ များကိုအမှိုက်သရိုက်ကဲ့သို့ငါထင်မှတ်၏။ ငါသည် ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့်ဖြောင့်မတ် ခြင်းမရရှိပေ။ ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာလျှင်ဖြောင့်မတ်ခြင်းကိုရရှိ၏။ ထိုကဲ့သို့ သောဖြောင့်မတ်ခြင်းသည်ဘုရားသခင်ပေးသနား တော်မူသောဖြောင့်မတ်ခြင်းဖြစ်၍ယုံကြည်ခြင်း အပေါ်တွင်အခြေခံပေသည်။-