တောလည်ရာကျမ်း 19:10
နွားမ၏ပြာကိုစုသိမ်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်ရမည်။ သူသည်လည်းည နေခင်းသို့တိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။ ဣသရေလအမျိုးသားတို့နှင့်တကွသူတို့ နှင့်အတူနေထိုင်သောလူမျိုးခြားများသည် ဤပညတ်ကိုအစဉ်အမြဲစောင့်ထိန်းရမည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 12:49ဣသရေလအမျိုးသားများသော်လည်း ကောင်း၊ သင်တို့နှင့်အတူနေထိုင်သောလူ မျိုးခြားတို့သည်သော်လည်းကောင်း ဤစည်း ကမ်းဥပဒေသများကိုလိုက်နာရမည်'' ဟုမိန့်တော်မူ၏။-
Leviticus 16:28ထိုယဇ်ကောင်များကိုမီးရှို့ရသူသည် မိမိ ၏အဝတ်များကိုဖွပ်လျှော်၍ရေချိုးပြီး မှ စခန်းအတွင်းသို့ပြန်ဝင်ရမည်။
Numbers 19:7ထို့နောက်သူသည်မိမိအဝတ်များကိုဖွပ် လျှော်၍ ရေချိုးပြီးလျှင်စခန်းတွင်းသို့ဝင် နိုင်သည်။ သို့ရာတွင်ဘာသာရေးထုံးနည်း အရ သူသည်ညနေခင်းသို့တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
Numbers 19:21သင်တို့သည်ဤပညတ်ကိုနောင်အစဉ် အဆက်စောင့်ထိန်းရကြမည်။ သန့်စင်ခြင်း ဝတ်ဆိုင်ရာရေကိုဖျန်းပေးသောသူသည် လည်း မိမိ၏အဝတ်များကိုဖွပ်လျှော်ရမည်။ ထိုရေကိုထိကိုင်မိသောသူသည် ညနေသို့ တိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
Colossians 3:11သို့ဖြစ်၍ယုဒအမျိုးသား၊ လူမျိုးခြားဟူ၍ လည်းကောင်း၊ အရေဖျားလှီးခံသူမခံသူဟူ ၍လည်းကောင်း၊ မယဉ်ကျေးသူ၊ လူရိုင်း၊ ကျွန်၊ လွတ်လပ်သူဟူ၍လည်းကောင်းကွဲပြားခြား နားမှုမရှိတော့ချေ။ ခရစ်တော်သည်အလုံး စုံတို့၌ရှိ၍အလုံးစုံဖြစ်တော်မူသတည်း။