တောလည်ရာကျမ်း 19:13
လူသေကောင်ကိုကိုင်တွယ်မိသောသူသည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုကိုယ်ပေါ်သို့ ပက်၍ သန့်စင်မှုမပြုလျှင်မသန့်စင်ဘဲရှိ နေလိမ့်မည်။ ထိုသူသည်ထာဝရဘုရား၏ တဲတော်ကိုညစ်ညမ်းစေသဖြင့် ဘုရားသခင် ၏လူမျိုးတော်မှထုတ်ပယ်ခြင်းခံရမည်။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 5:3တစ်စုံတစ်ယောက်သောသူသည် လူ့ကိုယ်ခန္ဓာ၏ အညစ်အကြေးတစ်မျိုးမျိုးကို အမှတ်မထင် ထိကိုင်မိလျှင် ထိကိုင်မိကြောင်းသိလျှင်သိ ချင်း သူသည်အပြစ်ကူးလွန်ရာရောက်သည်။
Leviticus 5:17တစ်စုံတစ်ယောက်သည် ထာဝရဘုရား၏ ပညတ်တော်တစ်ပါးပါးကိုအမှတ်မထင် ချိုးဖောက်မိလျှင် သူသည်အပြစ်ကူးလွန် သဖြင့်အပြစ်ဒဏ်ကိုပေးဆောင်ရမည်။-
Leviticus 15:31ထာဝရဘုရားသည်စခန်းအလယ်တွင် တည် ရှိသည့်စံတော်မူရာတဲတော်ကိုမညစ်ညမ်း စေခြင်းအလို့ငှာ မသန့်စင်သောအမှုများ နှင့်ဆိုင်၍ ဣသရေလအမျိုးသားတို့ကို မောရှေအားဖြင့်သတိပေးတော်မူ၏။ အကယ်၍သူတို့သည်တဲတော်ကို ညစ်ညမ်း စေလျှင်အသက်သေဆုံးရကြမည်။
Leviticus 22:3သင်၏အဆက်အနွယ်ထဲမှဘာသာရေးထုံး နည်းအရမသန့်ရှင်းသူသည်၊ ဣသရေလ အမျိုးသားတို့ ငါ့အားဆက်ကပ်သောပူဇော် သကာများအနီးသို့ချဉ်းကပ်မိလျှင် သူ သည်နောက်တစ်ဖန်ယဇ်ပလ္လင်နှင့်ဆိုင်သောဝတ် ကိုမဆောင်ရွက်ရ။ ဤပညတ်ကိုသင်တို့ ထာဝစဉ်လိုက်နာရကြမည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူ၏။
Numbers 8:7သန့်စင်ရေးဆိုင်ရာရေကိုသူတို့၏ကိုယ်ပေါ် တွင်ဖျန်း၍ တစ်ကိုယ်လုံးရှိအမွေးများကို ရိတ်စေပြီးလျှင်အဝတ်များကိုလျှော်ဖွပ် စေရမည်။ ထိုအခါသူတို့သည်ဘာသာ ရေးထုံးနည်းအရသန့်စင်လာလိမ့်မည်။-
Numbers 15:30တိုင်းရင်းဖွားဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြားဖြစ်စေတမင်သက်သက်အပြစ် ပြုမိလျှင်မူကား ထိုသူသည်ထာဝရဘုရား အားမထီမဲ့မြင်ပြုခြင်းဖြစ်သောကြောင့် သူ့ကိုသေဒဏ်စီရင်ရမည်။-