တောလည်ရာကျမ်း 20:17
ကိုယ်တော်၏ပြည်ကိုဖြတ်သန်းခွင့်ပေးတော် မူပါ။ အကျွန်ုပ်တို့နှင့်တကွသိုး၊ နွား၊ တိရစ္ဆာန် တို့သည်ကိုယ်တော်၏လယ်များ၊ စပျစ်ဥယျာဉ် များကိုဖြတ်သန်းခြင်းပြုမည်မဟုတ်ပါ။ ရေတွင်းများမှရေကိုလည်းသောက်သုံးမည် မဟုတ်ပါ။ အကျွန်ုပ်တို့သည်ကိုယ်တော်၏ ပိုင်နက်လွန်သည် အထိလမ်းမကြီးအတိုင်း ဖြတ်သန်းသွားပါမည်'' ဟုလျှောက်ထား ကြလေသည်။
Common Language Bible
In The King James Version
In Context
Cross References
Numbers 21:22``အကျွန်ုပ်တို့အားမင်းကြီး၏ပြည်ကိုဖြတ် သွားခွင့်ပြုပါ။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ ၏သိုးနွားတိရစ္ဆာန်တို့သည် လမ်းမကြီးအတိုင်း သွားပါမည်။ မင်းကြီး၏လယ်ယာများနှင့် စပျစ်ဥယျာဉ်များကိုဖြတ်ကျော်သွားမည် မဟုတ်ပါ။ မင်းကြီး၏ရေတွင်းများမှရေကို လည်းမသောက်ပါ။ အကျွန်ုပ်တို့သည်မင်းကြီး ၏နယ်မြေမှထွက်သည်အထိ လမ်းမကြီး အတိုင်းဖြတ်သွားပါမည်'' ဟူ၍အခွင့် တောင်းစေ၏။-
Deuteronomy 2:27`ကျွန်ုပ်တို့အား သင်၏ပြည်ကိုဖြတ်သန်းခွင့်ပေး လော့။ ကျွန်ုပ်တို့သည် မင်းကြီး၏ပြည်ကိုလမ်းမ ကြီးအတိုင်းသာဖြတ်သန်းသွားပါမည်။-