တောလည်ရာကျမ်း 20:8
``ပဋိညာဉ်သေတ္တာတော်ရှေ့တွင် ရှိသောတောင်ဝှေး ကိုယူလော့။ ထိုနောက်သင်နှင့်အာရုန်တို့သည် ဣသ ရေလအမျိုးသားအပေါင်းတို့အားစုဝေးစေရန် ဆင့်ဆိုလော့။ သူတို့ရှေ့တွင်ထိုအရပ်၌ရှိသော ကျောက်ဆောင်ကို ရေထွက်စေရန်အမိန့်ပေးလော့။ သူတို့နှင့်သူတို့၏တိရစ္ဆာန်များသောက်ရန် ကျောက်တုံးမှရေပန်းထွက်လိမ့်မည်'' ဟုမိန့် တော်မူ၏။-
Common Language Bible
In The King James Version
In Context
7ထာဝရဘုရားကမောရှေအား၊-
9မောရှေသည်ထာဝရဘုရားမိန့်မှာတော်မူ သည်အတိုင်း တောင်ဝှေးကိုယူခဲ့လေသည်။
Cross References
Genesis 18:14ထာဝရဘုရားမတတ်နိုင်သောအရာဟူ၍ရှိ ပါသလော။ ငါပြောခဲ့ပြီးသည့်အတိုင်းနောက် ကိုးလကြာလျှင် ငါပြန်လာဦးမည်။ ထိုအခါ စာရာသည်သားကိုရလိမ့်မည်'' ဟုအာဗြဟံ အားမိန့်တော်မူ၏။
Exodus 4:17တောင်ဝှေးကိုသင့်လက်ထဲ၌ဆောင်ထားလော့။ ထိုတောင်ဝှေးဖြင့်သင်သည်အံ့သြဖွယ်သော အမှုတို့ကိုပြုလိမ့်မည်'' ဟုမိန့်တော်မူ၏။
Exodus 7:20မောရှေနှင့်အာရုန်တို့သည် ထာဝရဘုရားမိန့် တော်မူသည့်အတိုင်းလိုက်နာဆောင်ရွက်ကြ၏။ အာရုန်သည်ဘုရင်နှင့်သူ၏မှူးမတ်များ၏ ရှေ့တွင်တောင်ဝှေးကိုမြှောက်၍ မြစ်ရေကိုရိုက် ရာမြစ်ရေသည်သွေးဖြစ်လေ၏။-
Exodus 17:5ထာဝရဘုရားက မောရှေကို``သင်နှင့်ဣသ ရေလအမျိုးသားခေါင်းဆောင်အချို့တို့သည် လူအပေါင်းတို့ကိုဦးဆောင်၍ရှေ့သို့သွား လော့။ နိုင်းမြစ်ကိုရိုက်သောတောင်ဝှေးကိုယူ ၍သွားလော့။-
Numbers 20:11တောင်ဝှေးကိုမြှောက်၍ကျောက်တုံးကိုနှစ်ကြိမ် ရိုက်လေသည်။ ထိုအခါကျောက်ဆောင်မှရေ များစွာပန်းထွက်သဖြင့် လူအပေါင်းတို့နှင့် တိရစ္ဆာန်များရေသောက်ကြရသည်။
Numbers 21:18မင်းညီမင်းသားနှင့်ခေါင်းဆောင်တို့တူးဖော် သော ရေတွင်း၊ရာဇလှံတံနှင့်တောင်ဝှေးများဖြင့် တူးဖော်သောရေတွင်းပေတည်း'' ဟူ၍ဖြစ် သည်။ သူတို့သည်ထိုတောကန္တာရမှမတ္တနာစခန်း သို့လည်းကောင်း၊-