တောလည်ရာကျမ်း 21:23
သို့ရာတွင်ရှိဟုန်ဘုရင်သည်ဣသရေလ အမျိုးသားတို့အား မိမိ၏ပြည်ကိုဖြတ် သန်းခွင့်မပေးချေ။ သူသည်တောကန္တာရရှိ ယာဟတ်မြို့သို့စစ်ချီလာပြီးလျှင် ဣသရေလ အမျိုးသားတို့ကိုတိုက်ခိုက်လေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 20:18ဧဒုံအမျိုးသားတို့က``သင်တို့အားငါတို့ ၏ပြည်ကိုဖြတ်သန်းခွင့်မပြုနိုင်။ သင်တို့ ဖြတ်သန်းလာလျှင်ငါတို့သည်အလုံး အရင်းနှင့်ချီတက်၍သင်တို့အားတိုက်ခိုက် မည်'' ဟုဖြေကြားကြလေသည်။
Deuteronomy 2:30``သို့သော်လည်းရှိဟုန်ဘုရင်သည် ငါတို့အား သူ၏ပြည်ကိုဖြတ်သန်းခွင့်မပေး။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ထိုမင်း ကိုခေါင်းမာစေတော်မူသဖြင့် ငါတို့သည်သူ့ ကိုတိုက်ခိုက်အောင်မြင်၍ သူ၏ပြည်ကိုသိမ်း ပိုက်ကာယနေ့တိုင်နေထိုင်လျက်ရှိကြသည်။''
Judges 11:20သို့ရာတွင်ရှိဟုန်မင်းကခွင့်မပြုချေ။ သူ သည်မိမိ၏တပ်မတော်တစ်ခုလုံးကိုစုရုံး စေပြီးလျှင် ယာဟတ်မြို့သို့လာရောက်စခန်း ချကာဣသရေလအမျိုးသားတို့အား တိုက်ခိုက်လေသည်။-
Jeremiah 48:34``ဟေရှဘုန်မြို့နှင့်ဧလာလေမြို့တို့မှ လူတို့ ငိုကြွေးကြသောအသံကိုယာဟတ်မြို့တိုင် အောင်ကြားရကြ၏။ ထိုအသံကိုဇောရမြို့ မှဟောရနိမ်မြို့နှင့်ကေလက်မြို့တို့မှပင် ကြားနိုင်လေသည်။ နိမရိမ်ချောင်းသည် လည်းခန်းခြောက်၍သွား၏။-